ယုံကြည်မှုတို့ ပျက်သုဉ်းခဲ့ရသည့် ဇာတ်လမ်းတစ်ပုဒ် အကြောင်း ဒေါ်ဝါဝါဝင်းရွှေပြော


ဒါရိုက်တာတစ်ဦးအနေဖြင့်ရော၊ သရုပ်ဆောင်ကောင်းတစ်ဦးအနေဖြင့်ပါ ရုပ်ရှင်အနုပညာနယ်ပယ်တွင် အောင်မြင်မှုများစွာ၊ အကယ်ဒမီများစွာရယူနိုင်ခဲ့ သည့် ဒေါ်ဝါဝါ ဝင်းရွှေက သူတို့ခေတ်က ကိုယ်တိုင်ကြုံခဲ့ရသည့် ဇာတ်လမ်း တစ်ပုဒ်ကိုပြန်လည်ကာပြောကြားသည်။ ယုံကြည်မျှော်လင့်ချက်များက တလွဲအမြင် များကြား ပျောက် ဆုံး သွားခဲ့ရသောကြောင့် တအားဝမ်းနည်းခဲ့ရကြောင်း၊ ယင်းသည်လည်း အကယ်ဒမီနှင့်ပတ်သက်ကြောင်း ဒေါ်ဝါ ဝါဝင်းရွှေက ရင်ဖွင့်ပြောဆိုသည်။
” အန်တီက ၁၉၇ဝ ပြည့်နှစ်မှာ ချစ်သူဝိုင်းဝိုင်းလည်ဇာတ်ကားကို သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်ကူးခဲ့တယ်။ အဲဒီကားတွေက မော်ကွန်းတင် ထိုက်ေ လာက်အောင် အောင်မြင်ခဲ့တယ်။ Top 3 ထဲဝင်တယ်။ အကယ်ဒမီနဲ့ ပတ်သက်လို့ Final မှာ အန်တီဝါတက်သွားပြီး Final အပြီးမှာ အန်တီဝါ ပြုတ်သွားတယ်။ ၁၉၆၅ ခုနှစ်နဲ့ ၁၉၇၅ ခုနှစ်ပေါ့။ ကြားထဲမှာ ဆယ် နှစ်ကွာသွားတယ်။ ချစ်ရသည်မှာအသက်ထက်ဆုံးဆိုတဲ့ ဇာတ်ကား။ ဆရာကြီး ဦးတင်မောင်ရိုက်တာ။ အဲဒီကားက အင်္ဂလိပ် ဇာတ်ကားတစ်ကားကို မှီငြမ်းပြီးရိုက်ထားတာ။ အစတုန်းကမသိခဲ့ဘူး။ အင်္ဂလိပ်ကားတွေကလည်း ဒီကိုသိပ်မရောက်ဘူးလေ။ အန်တီဝါ အကယ်ဒမီမရ ဘူး။ နောက် မှပြန်ကြားတာက အန်တီဝါတအားကောင်းတယ်။ ဝါဝါဝင်းရွှေကို ပေးသင့်တယ်။ ပေးသင့်မှန်း လည်းသိတယ်။ ဒါပေမဲ့ ဇာတ်ကားက နိုင်ငံခြားဇာတ်ကားကို ကူးယူထားလို့ မပေးဘူးဆိုတာကို ဆရာကြီး ဦးတင်မောင်ပါးစပ်ကနေ ပြန်ကြားရတာ။ အမှန်တကယ်တော့ နိုင်ငံခြားဇာတ်ကားကို ကူးယူပြီးရိုက်တာနဲ့ အန်တီဝါနဲ့ မဆိုင် ဘူးလေ။ အခု ခေတ်ဆိုပိုဆိုးတာပေါ့။ နိုင်ငံခြားဇာတ်ကားကို မှီငြမ်းပြီးရိုက်နေလိုက်ကြတာ။ ဆရာကြီးဦးတင်မောင်က ဝတ္ထုအနေနဲ့ကူးယူပြီး ရိုက်လိုက်တာ။ ဆရာကြီးဦး တင်မော င်က ပြောသေးတယ်။ သမီးရယ်တဲ့၊ သမီးကို အကယ်ဒမီပေးမယ်လို့ လုပ်ထားတာ။ ဇာတ်လမ်းက နိုင်ငံခြားဇာတ်လမ်း ဖြစ်နေတော့ သူတို့ကမပေး ဘူးပြောတယ် လို့လေ။ အဲဒီမှာ အန်တီဝါ တအားဝမ်းနည်းခဲ့ရတယ်”  ဟုပြောသည်။
ချစ်သူဝိုင်းဝိုင်းလည် ဇာတ်ကားဖြင့် Final ကို တက်သွားခဲ့သော်လည်း နောက်ဆုံးတွင် ဦးညွန့်တင် ရသွားခဲ့ကြောင်း၊ ယင်းကား၏ နောက်ဆုံးထွက်ပေါ်လာခဲ့သည့် စကား သံများက ရင်ကို နင့်စေခဲ့ကြောင်း လည်းပြောသည်။ ” ချစ်သူဝိုင်းဝိုင်းလည်နဲ့ အန်တီဝါပြုတ်ကျကျန်နေခဲ့တာပေါ့နော်။ အခုဆိုရင် ဦးညွန့်တင် သက်ရှိထင်ရှား ရှိသေးလား၊ မရှိလားမသိဘူး။ အန်တီဝါတို့ခေတ်က ဦးမောင်မောင်ခင်ဆိုတာရှိတယ်။ စာရေးဆရာပေါ့။ သူက ရုပ်ရှင်မြှင့်တင်ရေး၊ ဆင်ဆာအဖွဲ့ထဲမှာပါလုပ်တယ်။ သူကပြောတယ်။ လူကြီးတွေက ဆုံးဖြတ်ကြတယ်။ ဒေါ်ဝါဝါဝင်းရွှေကတော့ အသက်ကလည်း ငယ်သေးတယ်။ ကြိုးကြိုးစားစားရှိတော့ နောက်ကားတွေမှာလည်း အမြဲရနိုင်တယ်။ ဒီတစ်ယောက်ကတော့ တစ်ခါမှမရသေးဘူး။ ဒီ တော့ အဲဒီတစ်ယောက်ကို ပေးလိုက်တော့မယ်ဆိုပြီးပြောတယ်။ အဲဒီမှာ တစ်ခါထပ်ခံစားရတယ်။ အမှန်တော့ သူတို့မှား တာ။ အန်တီ့အနေနဲ့ အဲဒီအသက်အရွယ်၊ အဲဒီအချိန်မှာ အဲဒီလိုကားမျိုး နောက်ထပ်ရိုက်ကူးဖို့ ဘယ်တော့မှ မရနိုင်တော့ဘူးလေ။ သရုပ်ဆောင်တာကိုလည်း ဒီနေ့အချိန် ထိ ထပ်မံရိုက်ကူးဖို့ဆိုတာ အသက်အားဖြင့်ရော၊ကျန်းမာရေးအရရော ဘယ်တော့မှ မရနိုင်တော့ဘူး။ ဆုံးရှုံးမှု ကြီးတစ်ခုဖြစ်သွားတယ်။ သူတို့က အမှန်ထင်ပြီး လုပ်ချင် ရာလုပ်လိုက် ကြတော့ အန်တီ့မှာယုံကြည်ချက် တွေ၊ မျှော်လင့်ချက်တွေ ပျက်သုဉ်းခဲ့ရတယ်။ တကယ်တော့ သူကတော့ ရပြီးပြီ။ သူ့ကိုမပေးဘူး။ မရသေးတဲ့ သူကို ပေးမ ယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ရပြီးရင်လည်းကောင်း နေရင်ကောင်းတဲ့ သူကိုပေးရမှာ ပဲ လေ။ အဲဒီတုန်းက လူအယောက် တစ်ရာဝန်းကျင်မှတစ်ယောက်ပဲ ရတာ ကိုး။ဒေါင်ဒေါင်မြည်တဲ့ အသည်း၊ ချစ်ရသည်မှာ အသက်ထက်ဆုံး၊ ချစ်သူ ဝိုင်းဝိုင်းလည် ဇာတ်ကားတွေနဲ့ သုံးကြိမ်သုံးလီ ကြေကွဲခံစားခဲ့ရတယ်”  ဟု ဒေါ်ဝါဝါ ဝင်းရွှေ က ပြောသည်။
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment