ခိုင်မန္တလေး Express အိပ်ငိုက်၍ တိမ်းမှောက်
၂၀၁၅ခုနှစ် ဇွန်လ ၂၅ ရက်နေ့ နံနက်(၀၄း၀၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၈၇/၂ နှင့် ၂၈၇/၃ ကြား ရန်ကုန်မှ မန္တလေးသို့ အသွားလမ်းတွင် ယာဉ်မောင်း ဦးကျော်မိုးအောင်၊ အသက်(၃၆)နှစ်၊ သနပ်ခါးတောရပ်ကွက်၊ မင်းဘူးမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 1G-xxxx ခိုင်မန္တလေး Express (လိမ္မော်ရောင်)ယာဉ်မှာ အိပ်ငိုက်၍ ယာဉ်လက်ယာဘက်သို့ဆွဲပြီး မြေသားလမ်းပေါ်သို့ရောက်ရှိသဖြင့် လက်ဝဲဘက်သို့ ပြန်ဆွဲတင်ရာမှ အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကို ဖြတ်ကာ အပြန်လမ်းဘက်ခြမ်းတွင် တိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။
အဆိုပါ (Express)ယာဉ်ပေါ်တွင် ခရီးသည်(၁၆)ဦး စီးနင်းလိုက်ပါခဲ့ရာတွင် ယာဉ်မတော်တဆမှုကြောင့် ခရီးသည် အမျိုးသမီး(၁)ဦးမှာ အနည်းငယ်သာပွန်းပဲဒဏ်ရာရရှိခဲ့ပါသည်။
Yangon-Mandalay Expressway
Share on Google Plus
About Editor
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
0 comments:
Post a Comment