အမျိုးသမီးအလောင်း တစ်လောင်း လာရောက်စွန့်ပစ်ထား


      အမရပူရမြို့နယ် မန္တလေး-စစ်ကိုင်း ကားလမ်းအနီးတွင် သေဆုံးနေသော အမျိုးသမီး အလောင်း တစ်လောင်းအား တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

      ယခုလ (၂၈)ရက်နေ့ ညနေပိုင်း အချိန်တွင် အမရပူရ မြို့နယ်၊ ငယ်တိုးကျေးရွာ အုပ်စု မန္တလေး-စစ်ကိုင်းကား လမ်းတံတားဖြူ အနီး လမ်းယာဘက်ဘေး ရေစပ်တွင် အမျိုးသမီးတစ်ဦး (အသက် ၂၅နှစ်)ခန့် သေဆုံးနေသည့် အလောင်းအား စောင်ဖြင့်ပတ်လျက် လာရောက် စွန့်ပစ်ထားကြောင်း သိရှိခဲ့ရသည်။

      “အလောင်းကို ပတ်ဝန်းကျင်က လူတွေမြင်တော့ ရဲကိုအကြောင်းကြားတယ်။အဲဒါနဲ့ သက်ဆိုင်ရာ ရဲစခန်းက သွားရောက် ကြည့်ကြတယ်။ သေဆုံးနေတဲ့ အမျိုးသမီး အလောင်းမှာ တက်တူးတွေလည်း တွေ့ရတယ်။ ဆေးရုံမှာ ခွဲစိတ် စစ်ဆေးကြည့်ရဦးမှာပါ။ အခုသေဆုံးတဲ့ ကောင်မလေးက ဘယ်ကမှန်းလည်း မသိရသေးဘူး။ အခုချိန်ထိတော့ လူပျောက် တိုင်တန်းတာတွေလည်း မရှိသေးဘူး”ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိဒုရဲမှူး တစ်ဦးက ပြောသည်။

      အဆိုပါ သေဆုံးသူ အမျိုးသမီးမှာ ခန္ဓာကိုယ် အပေါ်ပိုင်း၌ ယောက်ျားဝတ် ရှပ်အင်္ကျီ ၀တ်ဆင်လျက် အောက်ပိုင်းတွင် အ၀တ်မပါ တင်ပါးအထက် ကျောရိုးတွင် ကနုတ်ပန်း ဆေးမင်ကြောင် ထိုးထားသည်ကို တွေ့ရှိရသည်။ ၎င်း၏ ခန္ဓာကိုယ်တွင် ကြိုးတုပ် ဒဏ်ရာများလည်း တွေ့ရှိရကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

      အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့မစခန်း(အမရပူရ)မှ (ပ)၃၃၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး သေဆုံးသူ အမျိုးသမီးနှင့် ပတ်သက်၍ တရားခံ ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် တိုင်းရဲ အကူတပ်ဖွဲ့ခွဲ၊ မန္တလေးခရိုင်နှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ စုံစမ်းဆောင်ရွက်လျက်ရှိသည်။

The Messenger Media
http://www.messengerdaily.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment