ပေ ၃ဝဝ ခန့်နက်သည့် ချောက်ထဲသို့ ယာဉ်တစ်စီးထိုးကျ ခုနစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ


 ခေါင်လန်ဖူး အောက်တိုဘာ ၂၁

 ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ကျေးရွာ သို့ မရောက်မီ တောင်အတက်၌ ယာဉ်တစ်စီး ပေ ၃ဝဝ ခန့် နက်သည့် ချောက်ထဲသို့ လိမ့်ကျကာ လိုက်ပါသူ ၁ဝ ဦးအနက် သုံးဦးဒဏ်ရာရရှိပြီး ခုနစ် ဦးသေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့က တောင် အတက်၌ ယာဉ်တစ်စီး ပေ ၃ဝဝ ခန့် နက်သည့်ချောက်ထဲသို့ လိမ့်ကျမှု ကြောင့် ရှိန်းခေါင်ကျေးရွာနေ ယာဉ်မောင်း ရဲလီဆီ (၄၂)နှစ်၊ ၄င်း၏ဇနီး ဒေါ်နားချယ်ဟဲ့(၃၆)နှစ်၊ မြစ်ကြီးနား မြို့ တပ်ကုန်းရပ်ကွက်နေ ဦးဇန်ယော့ ဖုန် (၅ဝ)နှစ်၊ မြစ်ကြီးနား မြို့ တပ်ကုန်းရပ်ကွက်နေ ဦးဇန်ယော့ ဂျော်ရမ် (၂၆)နှစ်၊ ရှိန်းခေါင် ကျေးရွာနေ ဦးဆရဲရမ်အောင်(၂၅)နှစ်၊ ပူတာအိုမြို့နယ် ဝါးဆားကျေးရွာ နေ ဦးအားတီ (၃၈)နှစ်၊ ရှိန်းခေါင် ကျေးရွာနေ ယာဉ်မောင်း၏ တူဖြစ် သည့် နှစ်နှစ်ခန့်အရွယ် ကလေးငယ် တို့မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

ယင်းအပြင် ဇန်ယော့ကျေးရွာနေ ဒေါ်ဇင်ဆိန်း(၃၃)နှစ်၊ ဇန်ယော့ ကျေးရွာနေ မနင်ဆာရ်း (၁)နှစ် (၄)လ၊ ဇန်ယော့ကျေးရွာနေ ဦးဇန်ယော့ ဆင်ဆိန်း(၃၃)နှစ်တို့တွင် ဒဏ်ရာများ အသီးသီးရရှိ၍ ရှိန်းခေါင် ကျေးရွာ ဌာနေပြည်သူ့စစ်ဆေးခန်း၌ ဆေးဝါး ကုသမှုခံယူလျက်ရှိကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment