ဟယ်ဖေး အောက်တိုဘာ ၁၁
တရုတ်နိုင်ငံ အရှေ့ဘက်ပိုင်း အန်းဟွေး စီရင်စုရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဂက်စ်အိုး ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူ ၁၇ ဦးသေဆုံးခဲ့ကြောင်း ဒေသန္တရ အစိုးရက ဆိုသည်။
သေဆုံးသွားသည့် ၁၇ ဦးအနက် ၁၄ ဦးမှာ အသက် ၁၅-၂ဝ အရွယ်ဝန်းကျင်ရှိ ကျောင်းသားများဖြစ်ကြပြီး ကျန်သုံးဦးမှာ အသက် ၃၃ နှစ်နှင့်အထက်အရွယ်ရှိ အမျိုးသားများဖြစ်ကြသည်။ ၄င်းတို့သေဆုံးရခြင်းမှာ ကာဗွန်မိုနောက်ဆိုက် အဆိပ်ငွေ့များကို ရှူရှိုက်မိသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စုံစမ်းစစ်ဆေးချက်အရ စားသောက်ဆိုင်အတွင်းရှိ ဂက်စ်အိုးမီးလောင်ပြီး ခြောက်မိနစ်အကြာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နာရီဝက်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားများက သေဆုံးသူများကို ဆေးရုံသို့သယ်ဆောင်သွားခဲ့ကြသည်။
(၃၈)နှစ်အရွယ် စားသောက်ဆိုင်ပိုင်ရှင်ကို ဂက်စ်အိုးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။ စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ စားသောက်ဆိုင်ကို တရားဝင်လိုင်စင်မရရှိသေးဘဲ သြဂုတ် လ ၁၈ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment