![]() |
အီရန်မှာ ထုတ်လုပ်တဲ့ missiles ဒုံးကျဉ် (Credit: Reuters) |
ပစ်မှတ်ကို အသေအချာ ပစ်နိုင်တဲ့ တာဝေးပစ် ဒုံးကျဉ် လက်နက်မျိုး ဖြစ်ပြီး ရန်ဘက် အစ္စရေးနဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ ချထားတဲ့ အမေရိကန် စစ်စခန်းကိုပါ ပစ်ခတ်နိုင်စွမ်းရှိတဲ့ လက်နက်မျိုး ဖြစ်ပါတယ်။
အီရန်ရဲ့ လုပ်ရပ်ကို ဝေဖန်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အီရန်ရဲ့ ကာကွယ်ရေး အင်အားနဲ့ ဒုံးကျဉ်စွမ်းဆောင်နိုင်မှုတွေ တိုးတက်အောင် လုပ်ဆောင်ဖို့ ဘယ်သူ့ရဲ့ ခွင့်ပြုချက်မှ ရယူစရာ မလိုဘူးလို့ အီရန်က တုန့်ပြန်လိုက်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ အီရန်အကြား တင်းမာမှုတွေ ပိုဖြစ်နေပါတယ်။
အီရန်ကတော့ ကာကွယ်ရေး အင်အားတိုးတက်အောင် လုပ်ဆောင်ရုံသာဖြစ်ပြီး သူများကို ခြိမ်းခြောက်ချင်လို့ လုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။
ကုလသမဂ္ဂက တားမြစ်တဲ့ကြားက လက်နက်ကို စမ်းသပ်တာကို ကြည့်ပြီး နျူကလီးယား ကိစ္စမှာလည်း ကမ္ဘာနဲ့ အီရန်အကြား သဘောတူညီမှု ရထားပေမယ့် အီရန်က လိုက်နာပါ့မလားလို့လည်း အစ္စရေးက စိုးရိမ်နေပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment