"မန်းရွှေမြို့တော်" Express အမြန်လမ်းမှာ ယာဉ်မတော်တဆမှု ဖြစ်


၂၀၁၅-ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့ နံနက်(၀၅း၅၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၆၄/၅ နှင့် ၂၆၄/၆ ကြား ရန်ကုန်မှ မန္တလေးသို့ (အသွားလမ်း)၌ ဦးကျော်သူအောင်၊ (ဖ)ဦးအောင်မြင့်၊ အသက်(၃၂)နှစ်၊ ရတနာပုံမြို့သစ်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် ၆ဂ/၂၆၀၃ "မန်းရွှေမြို့တော်" Express ခရီးသည်တင်မှန်လုံယာဉ်(အနီရောင်)သည် တိုက်ရော့ပြုတ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘက်သို့ဆွဲသွားကာ လမ်းလယ်ကျွန်းရှိ Concrete Barrier တုံးများအား ၀င်တိုက်မိပြီး လမ်းမပေါ်သို့ ကန့်လန့်ဖြတ်ရပ်တန့်တိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။

၎င်း Express ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် ခရီးသည် ကျား(၁၄)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း (၂၆)ဦး စီးနင်းလိုက်ပါခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကျော်သူအောင် မှာ ၀ဲခြေထောက်အနည်းငယ် ဒဏ်ရာရရှိ (မစိုးရိမ်ရ)ခဲ့ပါသည်။ အခင်းဖြစ်ပွားရာနေရာသို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ လမ်းအပိုင်းတာဝန်ခံအင်ဂျင်နီယာများ ၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကူညီရေးအသင်းအဖွဲ့များမှ အမြန်ဆုံးရောက်ရှိပြီး ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။


အဆိုပါဖြစ်စဉ်အား ပေပင်လေး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းမှ အရေးယူဆောင် ရွက်လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။

>>>>အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ <<<<
Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment