တရားဥပဒေစိုးမိုးပြီး စည်းကမ်းပြည့်ဝ လွတ်လပ်လုံခြုံတဲ့ ဒီမိုကရေစီနိုင်ငံကြီး တစ်နိုင်ငံဖြစ်လာဖို့ မျှော်လင့်မိနေတယ်လို့ဆိုတဲ့ ၀င့်ယမုံလှိုင်

ရုပ်ရှင်ကားကြီး ၃ကားမြောက်အနေနဲ့ရိုက်ကူးတဲ့ မှားတဲ့ဖက်ကနေကြည့်ပါကားမှာ ချမ်းသာတဲ့ သူဌေးသမီးနေရာက ပါဝင်သရုပ်ဆောင်နေတဲ့ ၀င့်ယမုံလှိုင်နဲ့တွေ့ဆုံခိုက် ပြည်သူတွေအားလုံး စိတ်ဝင်စားနေတဲ့ ရွေးကောက်ပွဲ ရလာဒ်အကြောင်း မေးကြည့်ဖြစ်တဲ့အခါ
-လက်ရှိမှာ ရွေးကောက်ပွဲရလာဒ်အနေနဲ့ NLD ကိုနိုင်သွားပြီလို့လဲပြောနေကြတယ်။ အဲ့ဒီအပေါ် နိုင်ငံသားတစ်ယောက်အနေနဲ့ ညီမရဲ့ စိတ်ခံစားချက်ကိုလဲသိချင်ပါတယ်။
 ညီမကိုယ်တိုင် NLD ကိုပဲမဲပေးခဲ့တယ်။ အခုက ဆုံးဖြတ်ချက်တစ်ခုကချလို့မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ ကော်မရှင်ကနေ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှာ NLD ပါတီသည် နိုင်သွားပါပြီ။ အစိုးရဖွဲ့ခွင့်ရသွားပါပြီဆိုပြီးမကြေညာသေးဘူး။ မကြေညာသေးတဲ့အခါကျတော့ညီမအနေနဲ့ဘယ်လိုပြောပြရမလဲ။ အကယ်လို့ NLD သာနိုင်သွားပြီဆိုရင် ပျော်လွန်းလို့ညီမအနေနဲ့ပြောစရာစကားတောင်ရှိမယ်မထင်ပါဘူး။ ပြောထွက်မယ်မထင်ပါဘူး။ ဒါပေမဲ့ အခုအနေနဲ့က ရွေးကောက်ပွဲကော်မရှင်ကတစ်နိုင်ငံလုံးအတိုင်းအတာနဲ့အတည်ပြုပြီး အစိုးရအဖွဲ့ဖွဲ့ခွင့်ရသွားပြီဆိုရင်တော့ ကောင်းတာပေါ့နော်။ အခုကကျတော့ ပြောလို့မရသေးဘူး။ အတည်ပြုပြီးမှ ဆိုတော့ အခုချိန်မှာ ညီမကိုယ်တိုင်ရော၊ တစ်နိုင်ငံလုံးရော၊တစ်ကမ္ဘာလုံးကရော ဒီရလာဒ်ကို စောင့်စားနေကြတဲ့အချိန်ဆိုတော့ အခုလက်ရှိအနေအထားနဲ့ဆို အားသာနေတဲ့ အနေအထားမှာ အများကြီးရှိတယ်။ အကုန်လုံးမျှော်လင့်တဲ့အတိုင်း အပြောင်းအလဲကြီးတစ်ခုကို ညီမအနေနဲ့လဲ ပြည်သူထဲကပြည်သူ တစ်ယောက်ပဲဆိုတော့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း စိတ်ခံစားချက်က ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပြီးတဲ့အခါကျမှပဲ ညီမစိတ်ကို ပြန်အတည်ပြုလို့ရမှာပါ။
-အခုလက်ရှိမှာ ရွေးကောက်ပွဲလဲပြီးသွားပြီဆိုတော့ မြန်မာနိုင်ငံကို ဖြစ်စေချင်တဲ့ ဆန္ဒလေးလဲ သိချင်ပါတယ်။
အခုက ရွေးကောက်ပွဲကတော့ ပြီးသွားပြီ။ ညီမတိုင်းပြည်ကို ညီမချစ်တယ်။ မြန်မာလူမျိုးတစ်ယောက်ဖြစ်ရတာလဲ ဂုဏ်ယူတယ်။ ကိုယ်ရှိနေတဲ့ နေရာဒေသတစ်ခုမှာ ညီမအပါအ၀င် အကုန်လုံးကလဲ ကိုယ့်ရဲ့ လိုအပ်ချက်တွေ အားနည်းချက်တွေကို ကိုယ်စီကိုယ်စီ အရင်ပြုပြင်ကြဖို့လိုတယ်။ ညီမတို့ရဲ့ မြန်မာနိုင်ငံမှာ တချိန်က အတွင်းရေးမှူးဖြစ်ခဲ့တဲ့ ကုလသမဂ္ဂ ဦးသန့်ကိုယ်တိုင်ပြောခဲ့တာ တစ်ခုရှိတယ်လေ။ ဒီမိုကရေစီစနစ်တစ်ခုကို သွားဖို့ဆိုတာ တကယ်တမ်းပြောင်းလဲမယ့်နိုင်ငံမှာရှိနေတဲ့ ပြည်သူလူထုတွေအားလုံးရဲ့ခံယူချက်၊ ဆင်ခြင်တုံ့တရားအဲ့ဒီအပေါ်မှာ အများကြီးမူတည်ပါတယ်။ ပထမဆုံးညီမတို့မှာ လိုအပ်တာတွေ အကုန်လုံးကိုပြင်ရမယ်။ ညီမ သိသလောက်ကိုပြောရရင် ညီမတို့အနေနဲ့ ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရတဲ့ တရားဥပဒေစိုးမိုးမှုဆိုတာ တော်ရုံတန်ရုံ ရှိမနေခဲ့ဘူးဆိုတာ ညီမနည်းတူလည်းကောင်း လူတွေလဲကြုံတွေ့ခဲ့ရဖူးမှာပါ။ ကိုယ်ဖြစ်ချင်တာ ၊ ပြောချင်တာတွေ ဘယ်သူမှလဲတိုင်လို့မရပြောလို့မရ တရားစွဲလို့မရဆိုတာ ဒါဘာဖြစ်လို့လဲ ဒါတရားဥပဒေစိုးမိုးမှုမရှိလို့ပဲ။ အဲ့ဒီအခါကျတော့ တကယ်ကို ဒီမိုကရေစီစနစ်နဲ့ တကယ်လိုအပ်တဲ့ လိုအပ်ချက်တွေ အကုန်လုံးကိုပြောင်းလဲပေးမယ်။ တရားဥပဒေစိုးမိုးပြီးတော့ တကယ် စည်းကမ်းပြည့်ဝပြီး လွတ်လပ်ပြီး လုံခြုံတဲ့ ဒီမိုကရေစီနိုင်ငံကြီး တစ်နိုင်ငံဖြစ်လာဖို့ညီမလဲ ပြည်သူတွေနဲ့အတူမျှော်လင့်ပါတယ်။
-အခုရိုက်နေတဲ့ကားလေးအကြောင်း ပြောပြပေးပါဦး။
အခုရိုက်နေတဲ့ ကားလေးက မှားတဲ့ဖက်ကနေကြည့်ပါပေါ့။ ဒါရိုက်တာကဦးမောင်မောင်ဦး(စနိုးဝှိုက်) ၊ နောက်ကိုအောင်ရဲလင်းရယ်၊ မသက်မွန်ရယ်ပေါ့။ ဒီကားထဲမှာ ဦးမင်းဦးရဲ့သမီးနေရာက ပါဝင်သရုပ်ဆောင်နေပါတယ်။ အဖေခိုင်းရင် ဘာမဆိုလုပ်တဲ့ သမီးတစ်ယောက်ပေါ့။
-ဒီထဲမှာ လုပ်ငန်းရှင်ရဲ့သမီးဆိုတော့ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးလေးစီစဉ်ထားလဲ။
ဒီကားထဲမှာ အ၀တ်အစားပိုင်းနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တစ်ယောက်ရဲ့ သမီးဖြစ်တဲ့အတွက် ဆိုရှယ်ကျတယ်။ ခေတ်လူငယ်တစ်ယောက်ပေါ့။ အဲ့ဒီလိုကာရိုက်တာပေါက်အောင်တော့ ညီမစီစဉ်ထားတယ်။
-ဒါညီမရဲ့ ဘယ်နှစ်ကားမြောက်ရုပ်ရှင်ကားလဲ။
၃ကားမြောက်ပေါ့။ အရှေ့၂ကားက ကိုစိုင်းနဲ့ဧဒင်ရဲ့နတ်သမီး၊ အဲ့ဒီကားက ၂၀၁၆ အစမှာရုံတင်မယ်လို့သိရပါတယ်။ နောက်တစ်ကားကလဲ ကိုစိုင်းနဲ့ပဲ နောက် မဖွေးပါမယ်။ ဓာတ်ရှင်ရိုက်သူများတဲ့။ အဲ့ဒီထဲမှာ နာမည်ကြီး အကယ်ဒမီရုပ်ရှင်မင်းသမီးပေါ့။
-အရင်က ဇာတ်လမ်းတွဲတွေရိုက်ပြီး မှ ဗီဒီယိုတို့ရုပ်ရှင်ကားကြီးတို့ရိုက်တာဆိုတော့ ကွာခြားချက်ကဘယ်လိုရှိလဲ။
ညီမအတွက်က အသစ်တစ်ယောက်ဖြစ်တယ်။ သရုပ်ဆောင်တာကို ရူးသွပ်တယ်။ ၀ါသနာပါတဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သရုပ်ဆောင်တဲ့နေရာမှာတော့ အကုန်လုံးက သရုပ်ဆောင်တွေချည်းပဲဖြစ်တဲ့အတွက် အထွေအထူး ကွာခြားတာတော့ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ တစ်ခုရှိတာက ဒီမှာကတော့ ညီမတို့အပြင်ကနေပြီး ၀ါရင့်အနုပညာရှင်တွေ နဲ့အတူ ကိုယ်ဟိုးကလေးဘ၀ကတည်းက ရူးသွပ်ခဲ့ရတဲ့ အနုပညာရှင်တွေနဲ့အတူတူ အခုအချိန်မှာ တူတူလက်တွဲပြီး သရုပ်ဆောင်ခွင့်ရတဲ့အတွက် ကံကောင်းတာပေါ့နော်။ ပြီးတော့ နောက်တစ်ခုက သူတို့တွေက ကိုယ့်ကို လက်တွဲခေါ်တယ်။ သူတို့နဲ့တူတူ တွဲရိုက်ခွင့်ရတာလဲ ကိုယ့်အတွက် အခွင့်အရေးတစ်ခုပဲလေ။ အဲ့ဒါကကောင်းတယ်ပေါ့။ တခြားကွာခြားတာကတော့ အချိန်ကွာမယ်။ ဇာတ်လမ်းတွဲကအချိန် ၃လ ၄ လလောက်ပေးရတယ်လေ။ ရုပ်ရှင်ကားကျတော့ အဲ့ဒီလောက်မပေးရဘူးလေ။ အချိန်ကတော့ ကွာမယ်ထင်ပါတယ်။
-ဗီဒီယိုကရော ဘယ်နှစ်ကားလောက်ရိုက်ဖြစ်ထားလဲ။
၁၀ ကားကျော်လောက်တော့ ရှိပါပြီ။
-တန်ဆောင်တိုင်ကရော ဘာအစီအစဉ်ရှိလဲ။
သီတင်းကျွတ်တုန်းကလဲ ထားဝယ်ပြန်ချင်တယ်။ ဒါပေမဲ့ မပြန်လိုက်ရဘူး ။ တန်ဆောင်တိုင်ကတော့ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ တန်ဆောင်တိုင်က မနှစ်က ညီမလေးတို့ထားဝယ်မှာက နှစ်တစ်ရာပြည့်လေ။ အဖေတို့အမေတို့နဲ့အတူဖြတ်သန်းတယ်။ ဒီနှစ်ကတော့ တစ်ရာ့နဲ့တစ်နှစ်မြောက်ပေါ့။ ညီမထင်တာ ဒီနှစ်တော့သွားဖြစ်မယ်မထင်ဘူး။
-New Year ကရော ဘယ်လိုအစီအစဉ်ရှိလဲ။
အလုပ်ရှိရင်တော့ အလုပ်နဲ့ဖြတ်သန်းမယ်။ အလုပ်မရှိရင်တော့ စိတ်လွတ်ကိုယ်လွတ်နဲ့ဖြတ်သန်းဖြစ်ပါမယ်။
-ဒီတစ်နှစ်လုံးရဲ့ ကိုယ့်အနုပညာနဲ့ပတ်သက်ပြီး ကျေနပ်အားရမှုအတိုင်းအတာက။
ကျေနပ်အားရမှုဆိုတာထက် ကိုယ်အတတ်နိုင်ဆုံး လုပ်ခဲ့တဲ့ အခြေအနေလေးတစ်ခုပေါ့နော်ရောက်လာတယ်။ အပြင်က သရုပ်ဆောင်အကြီး စီနီယာအကိုအမတွေက လက်တွဲခေါ်တယ်။ အဲ့ဒီတစ်ခုကြောင့်သူတို့ကို လဲ ပိုပိုလေးစားတယ်။ ကျေနပ်တယ်။ ကိုယ်အလုပ်လုပ်ခွင့်ရလို့ကျေနပ်မိပေမဲ့ အားနည်းချက်ကတော့ ကိုယ့်အနုပညာနဲ့ပတ်သက်ပြီး ထွက်လာတဲ့ကားလေးတွေပြန်ကြည့်ရင် အားမရတာမျိုးဖြစ်တတ်တယ်။ အကောင်းဆုံးတော့ လုပ်တယ်။ ဒါပေမဲ့ လိုအပ်တယ်လို့ခံစားရတဲ့အတွက် အကောင်းဆုံးတော့ကြိုးစားနေမှာပါ။
-ကားကြီးရော လက်ခံထားတာရှိဦးမလား။
ဟုတ် ၁၂ လပိုင်းမှာတစ်ကား လက်ခံထားပါသေးတယ်။ မေတ္တာထားတာ အဟုတ်ကိုပဲ ဆိုတဲ့ ဟာသကားလေးကို လက်ခံထားတာရှိပါတယ် ညီမကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီး အားသန်တာထက် ဟာသဆိုလဲ ဟာသအလျောက်၊ ဒရာမာဆိုလဲ ဒရာမာအလျောက် အကောင်းဆုံးလုပ်မယ်။ ဒါပေမဲ့ အများရဲ့ ဝေဖန်သုံးသပ်ချက်အရ ညီမကအငြိမ်ထက် အလှုပ်လေးတွေနဲ့ပိုလိုက်တယ်လို့တော့ပြောကြပါတယ်။
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment