အဓမ္မမြေသိမ်းမှု ဗြိတိန်အဖွဲ့ ဝေဖန်


မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ ရာဘာစိုက်ခင်းတွေအတွက် စီးပွားရေးလုပ်ငန်းရှင်တွေ၊ စစ်တပ်နဲ့ အစိုးရကမြေတွေ အကြီးအကျယ်သိမ်းယူခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Global Witness သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က မနေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ မြေဧက ၅ သန်းကျော် ကို မူလစိုက်ပျိုးလုပ်ကိုင်နေသူတွေဆီက အဓမ္မသိမ်းယူပြီး၊ ရင်နှီးမြှုပ်နှံမယ့်လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ချပေးခဲ့ရာမှာ အသိမ်းခံမြေဧက လေးပုံတစ်ပုံကျော်ဟာ ရာဘာစိုက်ခင်းတွေ ဖြစ်သွားခဲ့တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီးဒေသမှာ Global Witness အဖွဲ့က တစ်နှစ်ခွဲကြာ လေ့လာစုံစမ်းခဲ့ရာမှာ ရွာပေါင်း ၁၁ ရွာက မြေသိမ်းခံရသူပေါင်း ၁၂၄ ယောက်၊ အစိုးရအရာရှိတွေ၊ အငြိမ်းစားစစ်တပ်အရာရှိဟောင်းတွေ၊ သတင်းထောက်တွေ၊ လယ်ယာမြေဆိုင်ရာ အကူအညီပေးနေသူတွေ စုစုပေါင်း ၂၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

လေ့လာချက်အရဒေသဆိုင်ရာ စစ်တပ်၊ ဒေသအစိုးရနဲ့ စီးပွားရေးကုမ္ပဏီတွေ ပူးပေါင်းပြီး ၂၀၀၆ ခုနှစ် ကတည်းက မြေတွေအကြီးအကျယ် သိမ်းယူခဲ့ကြောင်း၊ မြေအများဆုံးလုပ်ခွင့်ရသူက ရွှေဝတ်မှုန်ကုမ္ပဏီဖြစ်ပြီး၊ စုစုပေါင်း မြေဧက လေးထောင့်ခြောက်ရာကျော်မှာ ရာဘာတွေစိုက်ပျိုးခဲ့ကြောင်း၊ မြေသိမ်းခံတောင်သူ ၉၈ ရာနှုန်း လျော်ကြေး မရကြကြောင်း အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

နစ်နာကြတဲ့ တိုင်းရင်းသားဒေသခံတွေဟာ ရှမ်း၊ ပလောင်နဲ့ ကချင်တိုင်းရင်းသားတွေဖြစ်ကြပါတယ်။

မြန်မာနိုင်ငံက ရာဘာတွေဝယ်ယူနေကြတဲ့ နိုင်ငံတကာလုပ်ငန်းရှင်တွေအနေနဲ့ သူတို့ဝယ်ယူတဲ့ရာဘာကြောင့် အကျင့်ပျက်ခြစားမှုနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အားပေးရာရောက်မရောက်စုံစမ်းကြဖို့ Global Witness အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese





  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment