တရုတ်နယ်ထဲ မြန်မာဗုံး ထပ်ကျမကျ စစ်ဆေးမယ်


သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင်ပင်းကို ၂၀၁၄ ခုနှစ်က တွေ့ရစဉ် (Credit: Reuters) 
တရုတ်နိုင်ငံထဲကို ​မြန်မာဘက်က ​ဗုံးတွေ ​ထပ်မံ ​ကျရောက်မှု ​ရှိမရှိ ​စုံစမ်းနေတယ်လို့ ​တရုတ်နိုင်ငံ ​ကာကွယ်ရေး ​ဝန်ကြီးဌာနက ​ပြောလိုက်ပါတယ်။

ဒီလအစောပိုင်းတုန်းကပဲ ​မြန်မာ ​လေတပ်ဘက်ကနေ ​ပစ်ချတဲ့ ​ဗုံးကြောင့် ​တရုတ် ​အလုပ်သမား ​ငါးယောက် ​သေဆုံးပြီးတဲ့နောက် ​သတိနဲ့ ​လုပ်ဆောင်ဖို့ ​တရုတ်က ​မြန်မာစစ်တပ်ကို ​သတိပေးထားပါတယ်။

ဒါပေမဲ့လည်း ​အရင်တပါတ် ​တုန်းကပဲ ​ယူနန်ပြည်နယ်ထဲကို ​ဗုံးတွေ ​ထပ်မံ ​ကျရောက်လာတယ် ​ဆိုတဲ့ ​ဓာတ်ပုံတွေ ​ထပ်မံ ​ထွက်ပေါ်လာပြီးနောက် ​သတင်းမှန် ​ဟုတ်မဟုတ် ​တရုတ် ​အစိုးရက ​စုံစမ်းနေတာ ​ဖြစ်ပါတယ်။

လူငါးယောက် ​သေဆုံးခဲ့ရတဲ့ ​ကိစ္စမှာလည်း ​တရုတ်နဲ့ ​မြန်မာတို့ ​သုံးရက်ကြာ ​ပူးပေါင်းစုံစမ်းမှု ​လုပ်ခဲ့ကြပေမယ့် ​အဖြေတွေကိုတော့ ​ပြောပြခြင်း ​မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ​ဗုဒ္ဓဟူးနေ့တုန်းကတော့ ​လာရှိုးမြို့ ​စစ်တပ်စခန်းတစ်ခု ​ဗုံးနှစ်လုံးနဲ့ ​ပစ်ပေါက်ခံခဲ့ရပေမယ့် ​ဒဏ်ရာရသူတွေ ​မရှိခဲ့ဘူးလို့ ​မြန်မာရဲ ​အရာရှိ ​တစ်ဦးက ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment