ကျေးရွာတိုင်းနီးပါး မီးလင်းရေး ဆောင်ရွက်ပေးရာတွင် အောက် ခြေ လုပ်ပိုင်ခွင့်ရှိသူများက ထင်သလို စီမံနေ


ငါးဇွန် ၊ ၂၈-၄-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာတိုင်း နီးပါး လျှပ်စစ်မီး ရရှိရေးအတွက် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက် ပေးလျက်ရှိရာ မဟာဓာတ်အား စနစ်၊ ဇီဝဓာတ်ငွေ့ စနစ်၊ ဒီဇယ်အင်ဂျင် စနစ်တို့ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးရန် လက်လှမ်း မမီသော ကျေးရွာများသို့ ဆိုလာစနစ် ဖြင့် လျှပ်စစ်မီး အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အခမဲ့ ပေးအပ်သည့် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်း များကို ငါန်းဇွန်မြို့နယ် တမာပင်ကြီး ကျေးရွာက အသုံးပြုခွင့် ရခဲ့သော်လည်း ပြည်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့သည့် တစ်နေ့တည်း မှာပင် အိမ်ထောင်စု ၅၄ စုထံမှ မီးလင်းရေး အတွက် ပံ့ပိုးပေးထားသည့် ပစ္စည်းအချို့ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ၏ စေခိုင်းချက်အရ ခြောက်ဦးပါ အဖွဲ့မှ အိမ်တိုင်ရာရောက် လာရောက် သိမ်းဆည်း သွားခဲ့ ကြသည်။

''တမာပင်ကြီး ကျေးရွာရဲ့ စာရင်းပေါက် အိမ်ထောင်စု ဦးရေက ၁၈၆ စုရှိတယ်။ အိမ်ထောင်စု တစ်စုကို ဝပ် ၈ဝ ဆိုလာတစ်ချပ်၊ (အမ်ပီယာ ၇ဝ) ၁၂ဗို့ ဘက်ထရီ တစ်လုံး၊ ဝပ် ၃ဝဝ အင်ဗာတာ တစ်လုံး၊ မီးဖြတ်စက် တစ်လုံး၊ မီးသီး နှစ်လုံး၊ နှစ်ပေမီးချောင်း တစ်စုံ၊ ကြိုး ၁၅ ကိုက်စီ အား ဖေဖော်ဝါရီလ က မန္တလေးတိုင်း ဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးအောင်ဇံ ကိုယ်တိုင် ကျေးရွာနေ ပြည်သူတွေနဲ့ တွေ့ဆုံပြီး အစုံ ၁၆ဝ ပေးသွား ခဲ့တယ်။ လိုအပ်နေတဲ့ ၂၆ ဦးအတွက် ကိုလဲ ထပ်မံဖြည့်ဆည်း ပေးသွားမယ်လို့ ပြောသွားခဲ့တယ်။ နောက်တစ်နေ့ ပစ္စည်းတွေကို ဝေငှပြီး အပြည့်အစုံ ရရှိကြောင်း လက်မှတ် ထိုးခိုင်းတယ်။ ညနေရောက်မှ ကျန်တဲ့ ၂၆ ဦးကို ပေးဖို့အတွက် ဆိုပြီး ဆိုလာပြား အပြည့်အစုံ ရရှိပြီးသား ၅၄ အိမ်တွေထဲက ဆက်စပ် ပစ္စည်းတချို့ကို ပြန်လိုက် သိမ်းတယ်။ တချို့က ဆိုလာပြားနဲ့ အင်ဗာတာ ပြန်ပေး လိုက်ရတယ်၊ တချို့က ဘက်ထရီအိုး၊ မီးဖြတ်စက်၊ မီးသီးနဲ့ မီးချောင်းတွေ ပြန်ပေး လိုက်ရတယ်။ ၅၄ ဦးဆီက တစ်ဝက်စီ သိမ်းသွားလို့ ၂၇ ဦးစာ အပြည့်အစုံ ရပေမယ့် ကျန်လူတွေကိုလဲ တစ်ခြမ်းစီပဲ မဲဖောက်ပေးတယ်။ ပစ္စည်းတစ်ဝက် ပြန်ပေးလိုက်ရတဲ့ အိမ်တွေမှာလဲ ဆိုလာက ဝပ်ကြီး၊ ဘက်ထရီအိုး ကသေး၊ ဘက်ထရီအိုးက ကြီးပြီး ဆိုလာ က ဝပ်သေး နေတာတွေကြောင့် အသုံးပြုရတဲ့ နေရာမှာ အဆင်မပြေမှု တွေနဲ့ ကြုံတွေ့နေရတယ်။ ဝန်ကြီးကိုယ်တိုင် လိုအပ်တဲ့ ၂၆ ဦးကို ထပ်မံ ဖြည့်ဆည်း ပေးပါ့မယ်လို့ အများရှေ့ ပြောသွား ခဲ့တာကို အောက်ခြေ လုပ်ပိုင်ခွင့် ရှိသူတွေ ထင်သလို လုပ်သလို ဖြစ်နေတယ်။ နိုင်ငံတော်က ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည့်စုံအောင် ဆောင်ရွက်ပေး ပေမယ့် အောက်ခြေက ထင်သလို စီမံခန့်ခွဲမှုတွေ ပြုလုပ် နေတာဟာ ပြည်သူတွေ အတွက် အများကြီး နစ်နာပါတယ် .. '' ဟု တမာပင်ကြီး ကျေးရွာ ဒေသခံတစ်ဦးက ပြောပြ၍ သိရသည်။

PyiChitThar
http://www.pyichitthar.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment