Miss Myanmar World 2015 ရဲ့ အရည်အချင်းပြည့်ဝ မြန်မာအမျိုးသမီးများ အလှ


မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ လှပပြီး အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးများအတွက် Miss Myanmar World 2015 ထပ်မံ ရောက်ရှိလို့လာပါပြီ။ အသက် ( ၁၈ ) နှစ်မှ ( ၂၃ ) နှစ် အတွင်း အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်လာနိုင်ဖို့အတွက် Miss Myanmar World 2015 က သင့်ကို ကြိုဆိုနေပါတယ်။ FOREVER BEC-TERO မှ ဒုတိယအကြိမ်မြောက် ဂုဏ်ယူဝမ်းမြောက်စွာ ထပ်မံတင်ဆက်တော့မဲ့ Miss Myanmar World 2015 ပြိုင်ပွဲကြီးကို ( ၂၀၁၅ ) ဧပြီလတွင် လူရွေးပွဲ စတင်ကျင်းပမှာဖြစ်ပြီး ( ၂၀၁၅ ) ဇူလိုင် လ ( ၁၁ ) ရက်နေ့တွင် Miss Myanmar World  2015 Final ပွဲကြီးကိုခမ်းနားစွာ ကျင်းပပြုလုပ်သွားမဲ့အကြောင်း စာနယ်ဇင်း မိတ်ဆက်အခမ်းအနားကို ၂၃ ရက် ၄ လ နေ့လည် ၂ နာရီတွင် Chatrium Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ Miss Myanmar World 2015 ပွဲကြီးနဲ့ ပတ်သက်ပြီး FOREVER BEC-TERO ရဲ့ တာဝန်ရှိသူ ကိုစိုးသူရက "အရင်နှစ်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေအတွက် ဖြေရှင်း ပြီး ဒုတိယနှစ်ကို အကောင်းဆုံးတင်ဆက်သွားပါမယ်။  ၄လပိုင်း ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့ထိကိုလဲ MEP မှာ လျှောက်လွှာတွေကို လူကိုတိုင် လာရောက်ထုတ်ယူပြီးလျှောက်ထားနိုင်ပါတယ်။ ၃၀ရက်နောက်ပိုင်းမှာတော့ လာလျှောက်တဲ့ လူတွေထဲက အယောက် ၄၀ကို ပမာဏ ရွေးချယ်ပြီး ၀ိတိုရိယဆေးရုံမှာ Medical Check Up လုပ်ပါမယ်။ သူတို့ရဲ့ personal နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရော နောက်သူတို့ရဲ့ Knowledge နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုရော ဗဟုသုတတွေရောကို အင်တာဗျူးလေး လုပ်သွားမယ်။ အယောက် ၄၀ထဲကနေ အယောက်၂၀ ရွေးချယ်မဲ့ပွဲကို ၅လပိုင်း ၄ ရက်နေ့မှာ ပြုလုပ်သွားမယ်။၎ ရက်နေ့နောက်ပိုင်းပြီးတာနဲ့ ရွေးချယ်ထားတဲ့ အယောက် ၂၀ကို တစ်လခွဲကြာ Camp သွင်းပြီး သေချာလေး Train ပေးသွားမယ်။ Activitites ပိုင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာလဲ ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ ပရဟိတ အလုပ်တွေကို ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်။ ဒီ Miss Myanmar World လုပ်ရတဲ့ရည်ရွယ်ချက်ကလဲဒါပါပဲ။
ပရဟိတနဲ့ပတ်သက်တဲ့ ဘက်စုံတော်တဲ့ အမျိုးသမီးတစ်ယောက်ကိုရွေးချယ်သွားမှာပါ။ ပြီးရင် ပရဟိတနဲ့ပတ်သက်တဲ့ စိတ်ဓာတ်လေးတွေကို မွေးမြူပေးသွားမယ်။ တစ်လခွဲ Training ပေးပြီးသွားရင် ဇူလိုင်လ ၁၁ ရက်နေ့မှာ Grand Final လုပ်ပြီး သူတို့ထဲကနေ 2015 Winner ကိုရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်က စင်ကာပူမှာမဟုတ်ပါဘူး။ ထိုင်းနိုင်ငံ ဖူးခပ်မှာ တစ်ပတ်ကြာ Training ပေးသွားမှာဖြစ်ပါတယ်။ Personal Training  ၊ Make Up Training ၊ Hair & Beauty နဲ့ပတ်သက်တဲ့ဟာတွေသူတို့ရဲ့ အလှအပနဲ့ပတ်သက်တဲ့ဟာတွေကို သေချာလေး Training လုပ်ပေးသွားမှာပါ။ ဒီပွဲမှာ လိုအပ်တာက အရည်အချင်းပြည့်ဝပြီးစွမ်းဆောင်နိုင်မှုရှိတဲ့အမျိုးသမီးငယ်လေးတွေရဲ့အလှကို ကမ္ဘာမှာဖော်ထုတ်ချင်တာပါ။ စိတ်ထားလှတဲ့ အမျိုးသမီးတွေ၊ မိမိကိုယ်မိမိ ကမ္ဘာ့အလယ်မှာ မြန်မာဟေ့ဆိုတဲ့ စိတ်ဓာတ်ရှိရင် ဒီပွဲကို ၀င်ရောက်ယှဉ်ပြိုင်လို့ရပါတယ်။ လိုအပ်တဲ့ ဟာတွေကိုလဲ ကျွန်တော်တို့ရဲ့အဖွဲ့အစည်းအပြင် အားလုံးက ကူညီပံ့ပိုးပေးကြမှာပါ။ မနှစ်ကနဲ့မတူတာက ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ Trainer တစ်ယောက် သပ်သပ် လုပ်ပေးသွားမယ်။ မသွားခင်မှာသေချာလေး Train ပေးမယ့်အပြင်  2014 Winner ဆုရှင် ၀ိုင်းလေးကလဲ လိုအပ်တာတွေကို သေချာလေး ပံ့ပိုးပေးသွားမယ်။" ပြောပြပေးခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment