၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံရတဲ့ Sandra Bullock





ဟောလီးဝုဒ်မင်းသမီး Sandra Bullock ဟာ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အလှဆုံး အမျိုးသမီး အဖြစ် People မဂ္ဂဇင်းရဲ့ သတ်မှတ်မှုကို ခံခဲ့ရပါတယ်။
အသက် ၅၀ အရွယ်ရှိနေပြီဖြစ်တဲ့ မင်းသမီး Sandra Bullock ဟာ အခြား ၁၉၂ ယောက်သော ဟောလီးဝုဒ် အလှပဂေးတွေကို အနိုင်ရခဲ့တာ ဖြစ်တယ်လို့ People မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ရေးသားထားခဲ့ပါတယ်။ ဒါပေမယ့် သူမ မှာ စစ်မှန်တဲ့ အလှတရားနဲ့ ပတ်သတ်ပြီး အခြား အတွေးတစ်ချို့လည်း ရှိနေပါသေးတယ်။
“အလှတရားဟာ တိတ်ဆိတ်ခြင်း” လို့ သူမက ဖွင့်ဆိုခဲ့ပါတယ်။
“ကောင်းမွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်သာ ဖြစ်ပါစေ။ ကောင်းမွန်တဲ့ မိခင် တစ်ယောက်သာဖြစ်ပါစေ။ ကောင်းမွန်တဲ့ အလုပ်ကို လုပ်နေပါ။ အရမ်း အရေးကြီးတဲ့ ပုံပေါက်နေတဲ့ လူတွေကို သင့်ရှေ့မှာ ကြားဖြတ်ခွင့် ပေးလိုက်ပါ။ ကျွန်မသိတဲ့ အလှဆုံး လူတွေဆိုတာ လှနေဖို့ မကြိုးစားတဲ့ သူတွေပါပဲ။” လို့ Sandra Bullock က အလှတရားအကြောင်း ပြောပြခဲ့ပါတယ်။
သူမဟာ ၂၀၁၅ ခုနှစ်အတွက် အနုပညာလှုပ်ရှားမှုတွေအဖြစ် ဇူလိုင်လ ၁၀ ရက်မှာ ထွက်ရှိလာမယ့် Despicable Me prequel Minions ကာတွန်း ဇာတ်လမ်းမှာ ဗီလိန် Scarlet Overkill အဖြစ် အသံ သရုပ်ဆောင်ထားတာ တစ်ခုပဲ ရှိပါတယ်။ သူမဟာ အသက် ၅ နှစ်အရွယ် သားလေး Loius အတွက် မိခင်ကောင်းတစ်ယောက် ဖြစ်နိုင်အောင် ကြိုးစားဖို့သာ လက်ရှိမှာ အရေးအကြီးဆုံးအလုပ် ဖြစ်နေတယ်လို့ သိရပါတယ်။
Ref:starpulse
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment