အဆုံးမဲ့အချစ် ရုပ်ရှင်ဇာတ်ကားကို ရိုက်တုန်းကလည်း အားရကျေနပ်မှုရှိခဲ့ပြီး အဲဒီဇာတ်ကားမှာ အားလုံးက ကြိုးစားအားထုတ်ကြတဲ့အတွက် အကယ်ဒမီနဲ့ပတ်သက်လို့ အားလုံးအတွက် ရင်ခုန်ပေးပါတယ်လို့ ဒါရိုက်တာသိန်းဟန်(ဖီးနစ်)က ပြောလာပါတယ်။
” အကယ်ဒမီဆိုတာက လူတိုင်းပြောကြတယ်။ နတ်ကြီးတယ်လို့ ပြောကြတယ်။ အကယ်ဒမီနဲ့ပတ်သက်ပြီး ရင်ခုန်တာကတော့ ရင်ခုန်တာပေါ့။ ဘယ်သူအတွက် ဘယ် ဝါအတွက်ဆိုပြီး ရင်ခုန်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီဇာတ်ကားလေးမှာ ပါဝင်တဲ့ သူတိုင်းအားလုံးနီးပါးက ကြိုးစားခဲ့ကြတယ်။ အဲဒါကြောင့် အားလုံးအတွက် ရင် ခုန်ပါတယ်။ ဒီဇာတ်ကားကို မရိုက်ကူးခင်ကလည်း ကြိုတင်ပြင်ဆင်မှုတွေ အများ ကြီးပြုလုပ်ခဲ့တယ်။ ကိုယ် မကြုံဖူးတဲ့ဘဝတစ်ခုကို ရိုက်ပြရတာဖြစ်တဲ့ အတွ က်ကြောင့် ကျွန်တော်တို့ အနေနဲ့ ခေတ်ကာလ အဝတ်အစား က အစ တော်တော်လေး ဂရုစိုက်ပြီး ပြင်ဆင်ခဲ့ရတယ်။ အစစအရာရာမှာ ဟာကွက်မရှိအောင် အဲဒီဇာတ်ကား လေးကို အတတ်နိုင်ဆုံး ရိုက်ကူးခဲ့တယ်” လို့ ဒါရိုက်တာသိန်းဟန် (ဖီးနစ်)က ပြောပါတယ်။
ဒါရိုက်တာသိန်းဟန်(ဖီးနစ်)က ရွှေရေးထင်ထင်ရဲ့ ဇာတ်နဲ့ ပတ်သက်ပြီး စာပေအရေးအသားကိုလည်း အချိန်ပေးဖတ်ကြည့်ပြီး လိုအပ်တာလေးတွေကိုလည်း အကြံ ဥာဏ်ပေး ဖြစ်နေပါတယ်။ ရွှေရေးထင်ထင်က သရုပ်ဆောင်ဝါသနာမပါတဲ့အတွက်ကြောင့် သရုပ်ဆောင်လုပ်ဖို့အတွက် မတိုက်တွန်းပေမယ့် စာအရေးအသား ပို ကောင်း ဖို့အတွက်တော့ ရိုက်ကွင်းနား ချိန်လေးတွေမှာ ပြောပြဖြစ်တယ်လို့ ဒါရိုက်တာ သိန်းဟန် (ဖီးနစ်)က ပြောပါတယ်။
” ရွှေရေးကို facebook မှာ ဖွနေတာတွေလည်း တွေ့ရတယ်။ ဒါက သူ့အပေါ် သက်သက်မဲ့ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တယ်လို့ ပြောရမယ်။ နောက်ပိုင်းတွေ လည်းတွေ့ရမှာပါ။ သူ့ရဲ့နေပုံထိုင်ပုံ ပြောပုံဆိုပုံတွေကအစ အများကြားထဲမှာ အထင်မှားအောင်လုပ်တဲ့ ကိစ္စတွေပါ။ သူတို့ရဲ့ ထိုးနှက်ချက်တွေက မသိလို့ရှိရင် လူတစ်ယောက်လဲပြို သွားနိုင်တယ်လေ။ မိန်းကလေးတစ်ယောက်လည်းဖြစ်တဲ့အတွက် ဖေးမကူညီတဲ့ သဘောပါ။ ကျွန်တော့်အနေနဲ့က ဇာတ်နဲ့ပတ်သက်ပြီး သင်တန်း ဖွင့်နေတာလည်း မဟုတ်တဲ့အတွက် ကျွန်တော်ကားရိုက်တွေ ရှိရင် ရိုက်တဲ့အချိန်မှာ သူလေ့လာချင်တယ်ဆိုရင် လာပြီး လေ့လာပါ။ သူသိချင်တာရှိ ရင် မေးတယ်။ ကိုယ်အားတဲ့အချိန်လေးမှာပြန်ပြီး ပြောပြ ဖြစ်တယ်။ နောက်ပြီးတော့ သူရေးထားတဲ့ ဇာတ်လမ်းဇာတ်ညွှန်းလေးတွေ ရှိတယ်။ အဲဒါလေးတွေကို အချိန်ရရင် ရသလို ဖတ်ကြည့်တယ်။ လိုအပ်တာလေးတွေကို သူ့ကို ပြောပြတယ်။ သရုပ်ဆောင်အလုပ်ဆိုတာက ပင်ကိုဝါသနာရှိမှဖြစ်နိုင်တာလေ။ ရုပ်ချောရုံနဲ့ပဲ မင်းသမီးမဖြစ်နိုင်ဘူး။ ကျွန်တော်တို့အနေနဲ့ မင်းသမီးလုပ်ပါလို့လည်း မတိုက်တွန်းဘူး။ သူဝါသနာပါတဲ့ စာရေးဖို့ပဲ အာရုံရှိရင် အဲဒီဝါသနာ ပါတဲ့ လမ်းကြောင်းပေါ်မှာပဲ ဖြစ်တည်ပါစေ။ သူရေးတဲ့ ဇာတ်လမ်းကိုပဲရိုက်ကူးဖို့ အစီအစဉ်ရှိတယ်။ သူရေးတဲ့ ဇာတ်လေးတစ်ခု ဖတ်ကြည့်တဲ့အခါ ဇာတ်ကလည်း ဆန်းတယ်။ ဗီဒီယိုတစ်ကားအနေနဲ့ ဖန်တီးမယ်ဆိုလည်း ဖန်တီးလို့ရတယ်။ ဒါပေမဲ့လည်း ဇာတ်အချိတ်အဆက်လေးတွေလိုအပ်တာလေးတွေကိုလည်း ကျွန်တော်တွေ့တယ်။ ကျွန်တော်က လုပ်ပါ ပြင်ပါလို့ မပြောဘူး။ ကျွန်တော်သာဆိုရင် အဲဒီနေရာလေးမှာ ဘယ်လိုလေးထပ်ပြီးလုပ်လိုက်မယ်။ စဉ်းစားမယ်ဆိုတာမျိုးပဲ ပြောပြတယ်” လို့ ပြောပါတယ်။
လွင်လွင်ထွန်း
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Source:popularmyanmar.com

0 comments:
Post a Comment