ပထွေးဖြစ်သူကို အငြိုးထားပြီး သမီးဖြစ်သူကို သတ်



  ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာမြို့၊ အမှတ်......ရပ်ကွက်၊.......လမ်းရှိ နေအိမ်တွင် ဇူလိုင်လ( ၅) ရက်နေ့၊ နံနက်ပိုင်း က အသက် (၁၃) နှစ်အရွယ် ခုနစ်တန်း ကျောင်းသူ မ.......(ခ) မ.............မှာ ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးမှုတစ်ရပ် ဖြစ်ပေါ်ခဲ့သည်ဟု လပွတ္တာရဲစခန်းက သတင်းထုတ်ပြန်သည်။

 ယင်းသို့ သေဆုံးခဲ့ပြီး ငါးရက် အကြာတွင် တရားခံဟု ယူဆရသည့် လပွတ္တာမြို့တွင် နေထိုင်သူ အသက် (၄၄) နှစ်အရွယ်ရှိ ဦး .............ကို သက်ဆိုင်ရာမှ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

 ယင်းသို့ စစ်ဆေးရာတွင် ““အသတ်ခံရတဲ့ ကောင်မလေးရဲ့အဖေ (ပထွေး)နဲ့ ရန်ဖြစ်စကားများကြတော့ လူပုံအလယ်မှာ ပါးရိုက်လိုက်တယ် ပြောတယ်။ ဒါကိုမကျေနပ်လို့ သူ့သမီးကို ပြန်သတ်တာလို့ ထွက်ဆိုတယ်””ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဒုရဲမှူးဦးစီး အောင်နိုင်မိုးက The Messenger Media သို့ ပြောသည်။

 အဆိုပါကျောင်းသူ သေဆုံးမှုနှင့် ပတ်သက်၍ လပွတ္တာမြို့မ ရဲစခန်းမှ (ပ)၈၉/ ၂၀၁၅၊ ပြစ်မှုပုဒ်မ၃၀၂/၃၂၆ ဖြင့်အမှုဖွင့် ထားသည်။

 ကျောင်းသူသေဆုံးမှုနှင့်ပတ်သက်၍ လပွတ္တာဒေသခံများမှ ကျေနပ်မှုမရှိကြဘဲ တရားခံဟု ယူဆရသူအား ဖမ်းဆီးစစ်ဆေးမှုများပြုစဉ် လပွတ္တာ ဒေသခံ (၅၀၀)ခန့်က စခန်းရှေ့တွင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

  ““ကလေးကလည်း ငယ်တယ်။ ကျောင်းသူလည်းဖြစ်တော့ မကျေနပ်ကြဘူး။ တရားခံမိပြီဆိုတော့ စခန်းရှေ့မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ တချို့တွေ ဆိုလည်း ဒေါသအလျောက် ဖမ်းမိပြီဆို အပြင်ကို ထုတ်ပေးဖို့ တောင်းဆိုတာတွေ ဘာတွေရှိတော့ ဖျောင်းဖျတားဆီးခဲ့ရတာ တွေလည်းရှိတယ်””ဟု ၎င်းကဆိုသည်။

 အဆိုပါကျောင်းသူ သေဆုံးမှုမှာ အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ကောလာဟလ သတင်းများဖြစ်သည့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရခြင်း မရှိကြောင်းလည်း လပွတ္တာ ရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

The Messenger Media
http://messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment