နိုင်ငံတကာဈေးကွက်ချဲ့ထွင်ခြင်းအစနဲ့ မြန်မာ့ရုပ်ရှင် ရှေ့ခရီး


မကြာခင် ရက်ပိုင်းလေးက စင်ကာပူနိုင်ငံ အခြေစိုက်နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ MSCT PTE ကုမ္ပဏီလီမိတက်ကနေပြီးတော့ စင်ကာပူနိုင်ငံမှာ ပထမဦးဆုံး အကြိမ်အဖြစ် “မြန်မာ့ရုပ်ရှင်ပွဲတော်” အမည် နာမဂုဏ်ပုဒ်နဲ့ ရုပ်ရှင်ပွဲတော်ကို လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ပြုလုပ်သွားမယ်ဆိုတဲ့ အကြောင်းကို မြန် မာနိုင်ငံ ရုပ် ရှင်အစည်းအရုံးမှာ လာရောက်ရှင်းပြသွားကြပါတယ်။
“မြန်မာ့ရုပ်ရှင်ပွဲတော်” ကိုတော့ ၂ ရက်တိုင်တိုင်ကျင်းပမှာဖြစ်ပြီး ပြသသွားမယ့် ဇာတ်ကားတွေကတော့ နင်စေရင်၊ တိုက်ဆိုင်မှုရှိလျှင် နဲ့ ကိုတင့်တို့ စူပါရပ်ကွက်ဆိုတဲ့ ဒစ် ဂျစ်တယ်အဆင့်မြင့် ရုပ်ရှင်ဇာတ်ကား ၃ ကားကို ပြသသွားမှာဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ပွဲတော်ကို အကယ်ဒမီလူမင်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီမင်းဦး၊ အရိုင်း၊ မိုးဟေကို၊ အကယ်ဒမီဝတ်မှုန်ရွှေရည်၊ မိုးပြည့်ပြည့်မောင်၊ ဘောလီးဝုဒ် မင်းသမီး လိုင်လာခန်းတို့ တက်ရောက်ဂုဏ်ပြု ကြမယ်လို့ သိရပါတယ်။
အဲဒီနေ့ ရှင်းလင်းမှုမှာ MSCT (Singapore) ရဲ့ ဒါရိုက်တာဦးဇော်ဇော်က ပြောသွားခဲ့တဲ့ စကားတစ်ရပ်ဟာ မြန်မာ့ရုပ်ရှင် ရှေ့ခရီး၊ လာမယ့် အနာဂတ်အတွက် အ သီးအပွင့်တစ်ခု၊ လမ်းစတစ်ခုအဖြစ် အသက်ဝင်ခဲ့ပါတယ်။ ” မြန်မာရုပ်ရှင်ပွဲတော် မှာ နင်စေရင်၊ တိုက်ဆိုင်မှုရှိလျှင်၊ ကိုတင့်တို့စူပါရပ်ကွက် ၃ ကားကို ပြပါမယ်။ အဲဒီ ၃ ကားရဲ့ ဝင်ငွေရလဒ် အောင်မြင်မှုအပေါ်မူ တည်ပြီးတော့ ဒီရုပ်ရှင်ပွဲတော်ပြီးတာနဲ့ လစဉ်လတိုင်းရဲ့တနင်္ဂနွေနေ့ရက်တွေမှာ မြန်မာဇာတ်ကားတွေကို စင်ကာပူမှာ ရုံတင်ပြ သခွင့်ရပါမယ်” လို့ ဦးဇော်ဇော်အောင်က ဆိုလာပါတယ်။ MSCT (Singapore) ရဲ့ ဒါရိုက်တာဦးဇော်ဇော်အောင်ဟာ အဲဒီရလဒ်ဖြစ်တည်လာနိုင်ဖို့အတွက်ကို လွန်ခဲ့တဲ့ ၆နှစ်ကျော်ကတည်းက မြန်မာ့ရုပ်ရှင်ဈေးကွက်ကို တူးဖော်ဖို့ စင်ကာပူနိုင်ငံမှာ လမ်း သစ်ဖောက်နေခဲ့တာဖြစ်ပါတယ်။
အဲ့ဒီမတိုင်ခင်က မြန်မာ့ရုပ်ရှင်ပွဲတော်ဆိုတဲ့ နာမည်ကို စင်ကာပူနိုင်ငံက ရုပ်ရှင်ရုံပိုင်ရှင်တွေက တပ်ဆင်သုံးစွဲခွင့်မပြုခဲ့တာမို့ Myanmar Film Revolution ဆိုတဲ့ နာ မည်နဲ့ပဲ ၂ဝ၁၁ခုနှစ်ကတည်းကနေ ၂ဝ၁၄ ခုနှစ်အထိ ပြသခဲ့ပြီးမှ အခုမှသာ လက်ရှိအခွင့်အရေးကို ရရှိခဲ့တာဖြစ်ပြီး စင်ကာပူနိုင်ငံက Golden Village ရုပ်ရှင်ရုံ အုပ်စု မှာ ပြသခွင့်ရခဲ့တာဖြစ်ပါတယ်။
” အခု Golden Village နဲ့ သတ်မှတ်ချက်ထားတာပါတယ်။ အဲဒါကတော့ အခုရုပ်ရှင်ပွဲတော်မှာ ပြမယ့် ၃ ကားရဲ့ ရုံဝင်ငွေဟာ ၈ဝ ရာ ခိုင်နှုန်းကျော်ရမယ်လို့ သတ် မှတ် ထားပါတယ်။ ကျွန်တော့်အတိအကျ သေချာတာတစ်ခုပြောနိုင်တာက ၈ဝ ရာခိုင်နှုန်းဆိုတာကို အသာအယာလေးကျော်သွားပါမယ်။ ဘာကြောင့်လဲဆိုတော့ စင်ကာပူက ပရိသတ်အနေအထားကို ကျွန်တော်ကောင်း ကောင်းသိပါတယ်။ အဲဒီမှာ ၆နှစ် အထိ ကျွန်တော်မြန်မာ့ရုပ်ရှင်ဈေးကွက်ကို တည်ဆောက်လာတာပါ။ ဒီဇာတ် ကားတွေ ပြပြီးတာနဲ့ လစဉ် ရဲ့ တနင်္ဂနွေနေ့တိုင်းမှာ ရုံတင်ပြသ ခွင့်ရပါမယ်” လို့ ဦးဇော်ဇော်အောင်က မှတ်ချက်ပြုပြောပါတယ်။
ဒါပေမဲ့လည်း မြန်မာရုပ်ရှင်ထုတ်လုပ်သူတွေဘက်က ပြသချင် စိတ်ရှိ၊မရှိနဲ့ ဇာတ်ကားရှိ၊ မရှိ ပြဿနာကလည်း အနည်းငယ်ရှိနိုင်သလို ထုတ်လုပ်သူတွေအနေနဲ့ အမြတ် အစွန်းရမှာ ဖြစ်သော်လည်း ဈေးကွက်စွန့်ဦးကာလမို့ အမြတ်အစွန်းအခက်အခဲဆိုတာတော့ ရှိနိုင်ကြောင်းလည်း ဦးဇော်ဇော်အောင်က ထောက်ပြ ဆိုထားခဲ့ပါတယ်။
” ဒါဟာမြန်မာ့ရုပ်ရှင်နိုင်ငံတကာ ဈေးကွက်စဖောက်တဲ့ အစခရီးလို့ပဲ ပြောလို့ရသေးတယ်။ အခုပြမှာကလည်း စင်ကာပူနိုင်ငံရောက်နေတဲ့ မြန်မာတွေလောက်ပဲ စိတ်ဝင်စားသေးတဲ့ ရုပ်ရှင်ကားတွေလည်း ရှိသေးတယ်။ ကျွန်တော်ကတော့ အဲဒီလိုမဖြစ်စေချင်ဘူး။ အဲဒီမှာ ရှိနေတဲ့ လူတိုင်းစိတ်ဝင်စားတဲ့ ရုပ်ရှင်ဇာတ်ကားအနေအ ထားအထိ ဖြစ်လာစေချင်တယ်။ အဲဒါကြောင့် ဘယ်နိုင်ငံမှာပြပြ၊ မြန်မာဇာတ်ကားကို စိတ်ဝင်စားလာဖို့က အဓိကပါပဲ”  လို့ အကယ်ဒမီဒါရိုက်တာ ဦးကြည်စိုး ထွန်း က ထောက်ပြပြောဆိုပါတယ်။ ရုပ်ရှင်ရဲ့ နိုင်ငံတကာဈေးကွက် ခရီးဦးအစဖြစ်လာတာမို့ နိုင်ငံခြားဝင်ငွေတိုးဖို့ အခွင့်အလမ်းရလာ တာကြောင့် နောက် ပိုင်း မြန်မာ့ ရုပ်ရှင်တွေ ဟာ ဘတ်ဂျက်ကြီးမားစွာနဲ့ ရိုက်ကူးတင်ဆက်လာနိုင်မှာဖြစ်ပြီး နိုင်ငံတကာက လူတွေပါ စိတ်ဝင်တစား ဝင်ရောက်ကြည့်ရှုလာမယ့် ရုပ်ရှင်ဇာတ် ကားတွေ အဖြစ် ဖန်တီးသွားဖို့ လိုအပ်လာမယ်လို့ အကယ်ဒမီဒါရိုက်တာကြည်စိုးထွန်းက မှတ်ချက်ခဲ့ပါသေးတယ်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ ဦးလူမင်း ကတော့ နိုင်ငံတကာ ဈေးကွက်တစ်ခုလမ်းစ ပေါ်လာခြင်းဟာ ရုပ်ရှင်လောကအတွက် ဆံချည်မျှင်လောက်သာရှိတဲ့ တိုးတက် မှုပဲဖြစ်လာစေကာမူ မြန်မာ့ရုပ်ရှင် အ တွက် ကောင်းမွန်တဲ့ရလဒ်တစ်ခုဖြစ်ကြောင်း ထောက်ပြပြောဆိုပါတယ်။
” ဒီဟာက ကျွန်တော်တို့ ရုပ်ရှင်လောကအတွက် မျှော်လင့်ချက်တစ်ခုပါပဲ။ အဲဒီမှာ ပုံမှန်လေးပြသနိုင်လာပြီဆိုတာနဲ့ ဒါဟာ ရုပ်ရှင်လောကအတွက် ကောင်း မွန်တဲ့ ဈေးကွက် တစ်ခုပါ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့လည်း အတတ်နိုင်ဆုံး ဝိုင်းဝန်းပံ့ပိုးကူညီသွားမှာပါ။ ဘာမှမလုပ်ဘဲ ဒီအတိုင်းရပ်နေရင် ဘာမှ ဖြစ် လာ မှာမဟုတ်ပါဘူး။ လမ်းသစ် ထွင်တဲ့ဆိုတဲ့နေရာမှာ မမြင်ရတဲ့အခက်အခဲဆိုတာတွ ရှိနေမှာပါပဲ။ အခုလောလောဆယ် မှာတော့ နိုင်ငံတကာ ထိုးဖောက်တယ် ဆိုတဲ့ ဟာကို ပြောဖို့စောပါသေးတယ်။ စင်ကာပူမှာရှိတဲ့ မြန်မာပရိသတ်တွေကို ပြ သနိုင်အောင် ဈေးကွက်ချဲ့ထွင်ခြင်းလို့ပဲ ဆိုရမှာပါ” လို့ ရုပ်ရှင်ဥက္ကဋ္ဌဦးလူမင်းက မှတ် ချက်ပြု ပြောဆိုခဲ့ပါတယ်။
လာမယ့်လပိုင်းတွေမှာတော့ စင်ကာပူနိုင်ငံက Golden Village  ရုပ်ရှင်ရုံတွေမှာ လစဉ်လတိုင်းရဲ့ တနင်္ဂနွေနေ့ ရက်တွေတိုင်းမှာ မြန်မာရုပ်ရှင်ဇာတ်ကားတွေကို စင်ကာပူရောက် မြန်မာပြည်သူတွေ ကြည်ရှု ခံစားခွင့် ရပါတော့မယ်။ ပွဲချိန်ဟာ လည်း အဲဒီနေ့တွေမှာ ပွဲချိန် ၂ချိန်က နေ ၃ချိန်အတွင်း ပြသသွားနိုင်ဖို့ စီစဉ်ထားတယ်လို့  MSCT (Singapore) ရဲ့ဒါရိုက်တာဦးဇော်ဇော်အောင် ကပြောပါတယ်။
ထက်လူ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment