ဒေါက်တာဆိတ်ဖွား ဇာတ်ကားအတွက် အရင်ခေတ်က အသံနဲ့ ဒီဘက်ခေတ်အသံကို တီးပေးထားကြောင်း အကယ်ဒမီ ဂီတမှူး ဦးဝင်းကိုပြော


လေယာဉ်ပျံပေးဆွဲကား၊ ချန်ပီယံလေးများစတဲ့ ရုပ်ရှင်ကားတွေကို နောက်ခံတီးပေးထားတဲ့ အကယ်ဒမီ ဂီတမှူးဦးဝင်းကိုက ဦးကျော်သူရိုက်ကူးတဲ့ ဒေါက်တာ မင်း သိင်္ခ ရဲ့ ဒေါက်တာဆိတ်ဖွား ရုပ်ရှင်ကားကိုလည်း နောက်ခံတီးပေးထားပါတယ်။ အဲဒီ ဒေါက်တာဆိတ်ဖွားဇာတ်ကားက စုံ ထောက်ဆန်ဆန်ဇာတ်ကားဖြစ်တာ က တ စ်ကြော င်း၊ အရင်ခေတ်ပုံစံ ဖြစ်နေတာက တစ်ကြောင်းမို့ အရင်ခေတ်ကအသံတွေပါအောင် တီးပေးထားသလို ဒီဘက်ခေတ်အသံတွေလည်းပါအောင် တီးပေးထား တယ်လို့ ဦး ဝင်းကိုက ပြောပါတယ်။
” အခုလောလောဆယ် ရုပ်ရှင် ဇာတ်ကားလေးကားတီးပေးထားတယ်။ အဲဒီအထဲမှာ ဒေါက်တာဆိတ်ဖွား ဇာတ်ကားလည်းပါတယ်။ အဲဒီ ကားက အခု 5.1 Mixing အဆင့်ထိ ရောက်နေပါပြီ။ မင်းသိင်္ခဝတ္ထုကိုရိုက် တာဆိုတော့ အရင်ခေတ်ကပုံစံမျိုးကို ရိုက်တာပေါ့။ ဒီတော့ အရင်ခေတ်က အသံတွေပါအောင် တီးပေးထားတယ်။ ဒီဘက်ခေတ်မှာ ပြမှာဖြစ်တဲ့အတွက် ဒီဘက်ခေတ်က အသံတွေကိုလည်း ပါအောင် တီပေးထားပါတယ်။ သူက အက်ရှင်ဆန်ဆန်စုံ ထောက်ကားမျိုးဆိုတော့ sound effect တွေတော်တော်များများသုံးပြီး တီးပေးထားတယ်။ ထွက်လာရင်တော့ တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ မတူဘဲတစ်မျိုးတစ်ဘာသာခွဲပြီး ထွက်လာပါလိမ့်မယ်” လို့ ဂီတမှူး ဦးဝင်းကိုက ဒေါက်တာဆိတ်ဖွားဇာတ်ကားမှာ နောက်ခံတီးပေးထားတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။
ကုမ္ပဏီတော်တော်များများ ရုပ်ရှင်ရိုက်ကူးလာကြတာက ဖလင်မကူးရတဲ့အတွက် ကုန်ကျစရိတ်သက်သာတာက တစ်ကြောင်း၊ အရင်းပြန်ရှာလို့ရတာက တစ်ကြောင်းမို့ အရိုက်များလာတယ်လို့ ထင်မြင်မိကြောင်းလည်း ပြောပါတယ်။ ” အရင်က ရုပ်ရှင်တစ်ကားကို တစ်ထောင်လောက်ကုန်ကျတယ်။ အခုငါးရာ၊ ခြောက်ရာလောက်နဲ့ ပြီးတယ်။ ကုန်ကျစရိတ်သက်သာ သွားတာပေါ့။ တစ်ထောင်လောက် ကုန်ကျတော့ အရင်းရဖို့က သိပ်မလွယ်ဘူးလေ။ အခုက ဘာပဲပြောပြော အရင်းပြန်ရှာလို့ရတဲ့ သဘောရှိတယ်” လို့လည်း ပြောပါတယ်။ ၂ဝ၁၆ခုနှစ်၊ ဇန်နဝါရီလဆိုရင် ရုံပြိုင်စနစ်ကို စတင်အကောင်အ ထည်ဖော်ဆောင်တော့မှာမို့ အဲဒီ စနစ် ကြောင့် ကုမ္ပဏီတွေ အပြိုင်အဆိုင် ရှိလာနိုင်တဲ့အပြင် ဇာတ်ကားကွာလတီကအစ  ပိုကောင်းလာနိုင်တဲ့ အကြောင်းကိုလည်း မှတ်ချက်ပြုပြောဆိုပါသေးတယ်။
” ဒီစနစ်က ကောင်းမှာပါ။ ကောင်းမယ်လို့ ပြောတာက ဇာတ်ကားတွေက အကြာကြီး မစောင့်ရတော့ဘူးလေ။ Serial နဲ့ ချိတ်နေရတော့ ကားတွေက တစ်နှစ် တို့၊ နှစ်နှစ်တို့အထိ ကြာသွားတယ်။ ဒီပုံစံတွေ ဝင်လာတဲ့အခါကျတော့ ပရိသတ်က ကြိုက်ရင်အားပေးမယ်။ မကြိုက်ရင်တော့ ပြုတ်မှာပဲ။ သေချာ တာက စောင့်နေ စရာမ လိုတော့ဘူး။ ပိုကောင်းသွားတာက ကုမ္ပဏီတွေ အနေနဲ့ ခပ်ညံ့ညံ့လုပ်လို့ မရတော့ဘဲ ပိုကောင်းအောင် ကွာလတီကအစ ထိန်းလာကြမယ်။  ၅.၁ နဲ့ လုပ်တဲ့ သူနဲ့ မလုပ် တဲ့ကြားမှာ လုပ်တဲ့သူက အားသာချက်ပိုရှိသွားမယ်။ ဖလင်မဟုတ်တော့တဲ့အတွက် ရုပ်တွေက ဒီဗီဒီအဆင့်ထိ ဖြစ်သွားပြီလေ။ ၅.၁ ဆိုတော့ အသံက ဦးစားပေးအဆင့် ထိရောက်သွားပြီ။ ၅.၁ နဲ့မလုပ်ရင်တော့ အသံထွက်ကအစ ညံ့မှာပဲ။ အပြိုင်လုပ်တဲ့အတွက် တိုးတက်မှု တွေအများကြီးရှိလာမှာပါ” လို့ ဦးဝင်းကိုက ပြောပေမယ့် ဂီတ ပိုင်းဆိုင်ရာ မှာ အလုပ်လုပ်ရတာ နည်းနည်းပိုရှုပ်သွားတဲ့အပြင် နောက်ခံတီးပေးတဲ့သူတွေအတွက်ကလည်း ဒီအတိုင်း နေလို့မရတော့ဘဲ ပိုလေ့လာစရာတွေ များလာ တယ်လို့ ပြောပါတယ်။
” dubbing  လေးတစ်ခု တီးပေးရုံလောက်နဲ့ မလုံလောက်တော့ဘူး။  5.1 Mixing မှာ အတီးလုပ်ပေးနိုင်တဲ့ အဆင့်ရောက်အောင်ထိ အနုပညာတွေ ထပ်လေ့လာနေ ရ တယ်။   sound effect  တွေကို ဘယ်လိုနေရာမှာ ဘယ်လိုထားမယ်။ တီးတဲ့နေရာမှာ ဘယ်အသံကိုဘယ်နားမှာ ထားမယ်စသည်ဖြင့် တစ်ခါတည်း လုပ်ပေးနေရ တာ။ နောက်တစ်ခုက စပီကာနှစ်လုံးကနေ ငါးလုံးခြောက်လုံးအထိ ဖြစ်လာတဲ့အခါကျတော့ အဲဒီအပေါ်မှာ တီးရတဲ့အပိုင်းတွေ၊ လုပ်ရတဲ့အပိုင်းတွေ အများကြီးရှိ လာ တယ်။ ခက်ခဲလာတယ်” လို့လည်း ပြောပါတယ်။ နိုင်ငံတကာမှာ ၅.၁ ထက်ကျော်လွန်ပြီး ၇.၁အထိ ရောက်ရှိနေတာကြောင့် နည်းပညာပိုင်းတွေ စက်မှုပိုင်းဆိုင်ရာတွေ အ များကြီး လေ့လာဖို့ လိုသေးကြောင်းလည်း ပြောပါတယ်။
” မြန်မာနိုင်ငံမှာက ၅.၁ အဆင့်ပဲရှိသေးတယ်။ ဒါကို သင်ပေးတဲ့ ဆရာလည်းမရှိ၊ သင်ပေးမယ့်ကျောင်းတွေလည်း မရှိသေးဘူး။ ဒီတော့ ကိုယ့်နည်းကိုယ့် ဟန် နဲ့ လေ့လာနေကြ ရတယ်။ ၅.၁ အဆင့်ထိတော့ မြန်မာပြည်မှာ ကောင်းကောင်းလုပ်လို့ ရနေပါပြီ။ နိုင်ငံခြားက ၅.၁ ကိုတော့ မမီသေးဘူးပေါ့။  ၅.၁ ချင်းတူတာတောင် ကွာ လတီအရ နိမ့်နေသေးတယ်။ အများကြီး ကြိုးစားရဦးမှာပါ” လို့လည်း ပြောင်းလဲလာတဲ့ နည်းပညာရပ်ဆိုင်ရာတွေကို  ခြုံငုံသုံးသပ်ပြီး လေ့လာရမယ့် အကြောင်း ကို ပြော ပါတယ်။
Mဘွယ်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment