လောင်စာဆီ ပြတ်လပ်မှုကြောင့် ကားတွေ စုံတစ်ရက် မတစ်ရက် ထွက်နေရ




နီပေါတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန့်ကျင်ဆန္ဒပြသူများက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ထားသဖြင့် လောင်စာဆီ မတင်သွင်းနိုင်ဘဲ ဖြစ်နေကာ လောင်စာဆီ ရှားပါးလာမှုကြောင့် နံပါတ်နောက်ဆုံးအလုံး စုံဂဏန်းဖြင့် ဆုံးသော ကားများက တစ်ရက်၊ မဂဏန်းဖြင့်ဆုံးသော ကားများက တစ်ရက် အလှည့်ကျသာ အသုံးပြုရန် ညွှန်ကြားထားကြောင်း သိရသည်။ ထိုနည်းဖြင့် လောင်စာအသုံးကို ထက်ဝက် လျှော့ချထားလိုက်သည်။
      ပြီးခဲ့သည့် ကြာသပတေးနေ့ညက စတင်ကာ ဆန္ဒပြသူများသည် အိန္ဒိယ-နီပေါ ကုန်သွယ်ရေး လမ်းမပေါ်ရှိ ဘာဂန်မြို့အနီး တံတားတစ်စင်းကို ပိတ်ဆို့ထားသည်။ ထိုလမ်းမသည် နီပေါအတွက် လောင်စာနှင့် စားသောက်ကုန်များကို အိန္ဒိယဘက်မှ တင်သွင်းနေရသော အဓိက လမ်းကြောင်း ဖြစ်သည်။ ဘာဂန်မြို့သည် မြို့တော် ခတ္တမန္ဒူ မှ တောင်ဘက် (၅၅)မိုင် အကွာတွင် တည်ရှိသည်။
      စက်တင်ဘာလ(၂၀)ရက်နေ့က အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်သစ်အရ နီပေါကို ပြည်နယ် ခုနစ်ခုအဖြစ် ဖွဲ့စည်းအုပ်ချုပ်ရန် သတ်မှတ်ခဲ့သည်။ ထိုသို့ အုပ်ချုပ်ပါက မက်ဒီဆီ လူမျိုးစုများနှင့် သာရူလူမျိုးစုများသည် လွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ လျော့နည်းသွားနိုင်သဖြင့် မကျေနပ် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment