စိတ်မနှံ့သူမှ ဓားဖြင့်လိုက်ခုတ်၍ ကလေး ၅ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

ဓာတ်ပုံ - khaosod


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချိုင်းပရကန်းမြို့နယ်ထဲမှာ စိတ်မနှံ့သူ လူရွယ်တစ်ဦးက ဓါးနဲ့ လိုက်ခုတ်တဲ့အတွက် အသက် ၁၀ နှစ်အောက်ကလေးငယ် ၅ ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ချိုင်းပရကန်းမြို့နယ် နောင်ဗိုကျေးရွာအုပ်စုထဲမှာ လူသတ်မှုဖြစ်ပွားကြောင်း သတင်းပေးချက်ရရှိခဲ့ပြီး သွားရောက်စစ်ဆေးရာမှာ တွန့်ချုတ်ရွာက အိမ်တအိမ်အတွင်း ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့ကလေးတွေရော မျက်နှာမှာဓားခုတ်ခံရတဲ့ အသက် ၃၃ နှစ်ရွယ်  ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကိုပါ တွေ့ရတယ်လို့ ချိုင်းပကန်းမြို့နယ် ရဲစခန်းမှ တာဝန်ကျဒုရဲအုပ် ဆုမ်ဘတ် ကာလဆုခ်ဖုန်းက သတင်းထောက်တွေကို ပြောပါတယ်။
ကလေးတွေကို ဓားနဲ့ခုတ်သူမှာ အသက် ၂၄ နှစ်ရွယ်ရှိ နိုင်းကောက်ဖ်ဆိုသူ စိတ်မနှံ့သူ လူရွယ်တစ်ဦးဖြစ်ပြီး သူ့ကို အိမ်တအိမ်မှာ ၀င်ရောက်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ နိုင်းကော်က်ဖ်ဟာ ပြီးခဲ့တဲ့လကမှ ချင်းမိုင်စိတ္တဇဆေးရုံမှ ဆင်းလာကာ မိဘတွေနဲ့အတူ နေထိုင်လျှက်ရှိကြောင်း၊ အခင်းဖြစ်တဲ့နေ့က အိမ်ဘေးက ကလေးတွေ ဆူညံစွာဆော့ကစားတဲ့အသံကိုကြားတော့ စိတ်ဖောက်ပြန်ပြီး အရှည် တစ်မီတာရှိတဲ့ ဓားနဲ့ လိုက်ခုတ်ရာမှာ တချို့ကလေးတွေမှာ လည်ပင်းပြတ်လုနီးပါးဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
သေဆုံးတဲ့ကလေးတွေဟာ အသက်  ၅ နှစ်မှ ၈ နှစ်ရွယ်ရှိကာ ယောက်ျားလေး ၄ ယောက်နဲ့ မိန်းကလေး တယောက်တို့ဖြစ်ကြောင်း၊ ဖြစ်ပွားစဉ်က လူကြီးဆိုလို့ ကလေးများရဲ့ ဒေါ်လေးတော်စပ်သူ  အသက် ၃၃ နှစ်ရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသာရှိကြောင်း၊ သူက ၀င်ရောက်ကာကွယ်တဲ့အတွက် အခုတ်ခံလိုက်ရတာလို့ သတင်းမှာ ရေးပါတယ်။
ကလေးငိုသံအော်သံတွေကြားလို့ လူကြီးတွေ ရောက်လာကာ စိတ်မနှံ့သူကို ၀ိုင်းရိုက်တဲ့အတွက် သူလည်း  ဒဏ်ရာများစွားရသွားကြောင်း၊ ဒဏ်ရာကဆေးကုသပြီးရင် လိုအပ်သလို အရေးယူ သွားမယ်လို့  ချိုင်းပရကန်ရဲတပ်ဖွဲ့ရဲ့အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment