ရန်ကုန် စက်တင်ဘာ ၂၀
တာမွေမြို့နယ် ၁၅၂ လမ်းနှင့် ဗဟိုလမ်းထောင့်၌ လိုက်အေ့စ် အဖြူရောင် တစ်စီး စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၁၈ မိနစ်က မော်တာရှော့ဖြစ်၍ ကားအင်ဂျင် မီးလောင်မှု ဖြစ်ပွားသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း အောင်ကျော်စိုး (၂၇) နှစ် မောင်းနှင်လာသော လိုက်အေ့စ် အဖြူရောင်သည် ဓာတ်ငွေ့အိုး အရွယ်မျိုးစုံ ၁၆ လုံး တင်ဆောင်၍ တာမွေမြို့နယ် ၁၅၂ လမ်းထိပ်၌ မော်တာရှော့ ဖြစ်၍ အင်ဂျင်သို့ ကူးစက်ပြီး မီးစတင် လောင်ကျွမ်းရာ ၁၅၂ လမ်းနှင့် ဗဟိုလမ်း ထောင့်အရောက် ကားရပ်တန့် သွားသည်။ အဆိုပါ မီးလောင်မှုကြောင့် ကားကူရှင်၊ ဒက်ဘုတ်နှင့် အင်ဂျင်များ ပျက်စီးသွားသည်။
အဆိုပါ မီးလောင်ရာသို့ တာမွေ မီးသတ်ဦးစီးဌာန၊ မြို့နယ် ရဲစခန်းနှင့် တာဝန် ရှိသူများ ရောက်ရှိလာပြီး မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် မီးငြိမ်း သွားကြောင်း သိရသည်။ ဓာတ်ငွေ့အိုးများကို ဘေးလွတ်ရာသို့ ရဲစခန်းက ပို့ထားပြီး ယာဉ်မောင်းကို တာမွေ ရဲစခန်းက အမှုဖွင့် အရေးယူ ထားကြောင်း သိရ သည်။
လှလှ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment