လင်မယားချင်းရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူသေဆုံး


ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါ
 တောင်သာ စက်တင်ဘာ ၂ဝ

 တောင်သာမြို့နယ် နဘဲကန် ကျေးရွာ၌ စက်တင်ဘာ ၁၈ ရက် ညနေ၃နာရီခန့်က လင်မယားချင်း ရန်ဖြစ်ကြရာ ခင်ပွန်းဖြစ်သူ ဦးစော အောင် (၄၄) နှစ် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါ်ညိုရီ (၃၆) နှစ် သည်အိမ်၌ ရှိနေစဉ် ခင်ပွန်းဖြစ်သူ ကအရက်မူးလာပြီး စကားများကြရာ ဇနီးဖြစ်သူအား ကြိမ်းမောင်း ပြောဆို၍ ဓားဖြင့်ရန်ပြုခဲ့ကြောင်း၊ ဇနီး ဖြစ်သူက သစ်သားချောင်းဖြင့် ပြန်လည်တုံ့ပြန်ခဲ့ပြီး အနီးရှိ သံတူ ရွင်းကို တစ်ဦးနှင့်တစ်ဦး အပြန် အလှန်လုခဲ့ကြပြီး ဦးခေါင်းကို ရိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ဒေါ်ညိုရီသည် ရာအိမ်မှူးထံ အကြောင်းကြားခဲ့ပြီး သွားရောက် ကြည့်ရှုခဲ့ရာ ဦးစောအောင်မှာ အိမ် ဝိုင်းအတွင်း၌ သေဆုံးနေသည်ကို တွေ့ရ၍ သက်ဆိုင်ရာသို့ သတင်းပို့ ခဲ့ကြောင်း၊ တောင်သာမြို့မရဲစခန်း မှ စခန်းမှူး ဒုရဲမှူး ကျော်လင်းထွန်း နှင့်အဖွဲ့က ပြစ်မှုကျူးလွန်သူအား နာရီပိုင်းအတွင်း ဖမ်းဆီးနိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုကို တောင်သာ မြို့မရဲစခန်းမှ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လင်းလက်ကြယ်(တောင်သာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment