နုန်းကန် ပြိုကျမှုကြောင့် သေဆုံးကလေးငယ်ကို ကုမ္ပဏီက နစ်နာကြေး သိန်း ၇၀ ပေး

12032154_173261716343447_1855972552202475042_n copy


တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသ တောင်ဘက်က ဒယ်ကိုမိုင်း သတ္တုတူးဖော်ရေး ကုမ္ပဏီရဲ့ စွန့်ပစ် နုန်းကန်ပြိုကျခဲ့တာကြောင့် သေဆုံးခဲ့တဲ့ ၁၂ နှစ်အရွယ် ကလေးငယ်အတွက် ကုမ္ပဏီက နစ်နာကြေး သိန်း ၇၀  ပေးအပ်ခဲ့ပါတယ်။
စက်တင်ဘာ ၂၃ ရက်ည ၇ နာရီခွဲလောက်က နုန်းကန်ပြိုကျပြီး ရွာကို ပတ်စီးဆင်းနေတဲ့ ချောင်းအတိုင်း နုန်းတွေ စီးဆင်းလာတဲ့အတွက် နေအိမ် ၁၁ အိမ်လောက် ပြိုကျခဲ့ပြီး အိမ် ၄၀ လောက် ရွှေ့ပြောင်းခဲ့ရပါတယ်။
နေအိမ်ပျက်စီးသွားတဲ့ ဒုက္ခသည် ၉၀ လောက်ကို ဗောဓိကုန်း မာန်အောင်ကျောင်းမှာ စောင့်ရှောက်ထားခဲ့ပါတယ်။
ပျက်စီးသွားတဲ့ အိမ်တွေကို ပေ ၄၀ ပေ ၆၀ မြေကွက်တွေ ရိုက်ပေးပြီး သင့်တင့်တဲ့ အိမ်ရာတွေ ဆောက်လုပ်ပေးသွားမယ်လို့ ကံဘောက်ဒေသ စခန်းမှူး ကျော်ဆန်းဦးက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒယ်ကိုကုမ္ပဏီက တာဝန်ရှိသူ ၂ ဦးကိုလည်း ၄/၂၀၁၅ အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒယ်ကိုမိုင်းကုမ္ပဏီဟာ ကံပေါက်မှာ ၂၀၁၀ ပြည့်နှစ်လောက်ကနေ စတင်လုပ်ကိုင်ခဲ့ပြီး  မြေဧက ၂၀၀၀ ကျော်မှာ ခဲမဖြူ၊ အဖြိုက်နက် ဆက်စပ် သတ္တုတွေကို ရှာဖွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ – ထွန်းကျော်မောင် (cj)
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment