မိုဘိုင်းလ် ဖုန်းသုံးစွဲသူ အီရတ်နိုင်ငံသား ၁၇၂ ဦးကို အိုင်အက်စ်အဖွဲ့ဖမ်းဆီး


ဘဂ္ဂဒက် စက်တင်ဘာ ၂ဝ

အီရတ် နိုင်ငံ မြောက်ပိုင်း နိနဝေ ပြည်နယ် တွင် မိုဘိုင်းလ် ဖုန်း သုံးစွဲသူ ပြည်သူ ၁ဝဝ ကျော်ကို အိုင်အက်စ် စစ်သွေးကြွ များက ဖမ်းဆီးခဲ့ ကြောင်း ဒေသတွင်း သတင်း ဌာနကြီး တစ်ခုမှ စက်တင်ဘာ ၂ဝ ရက်တွင် ထုတ်ပြန် ထားသည်။ အိုင်အက်စ် စစ်သွေးကြွ  များသည် ၄င်းတို့ ထိန်းချုပ် ထားသည့် မိုဆူးလ်မြို့ မှ ဒေသခံ ၁၇၂ ဦးကို မိုဘိုင်းလ် ဖုန်းသုံး စွဲမှုဖြင့် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း ကာ့ဒ် ဒီမိုကရက်တစ် ပါတီမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားထားသည်။

စစ်သွေးကြွ များသည် ဒေသခံ များက မိုဘိုင်းလ် ဖုန်းများ အသုံးပြု၍ ၄င်းတို့ကို အာခံကာ ဆူပူအုံကြွ မည် ကို စိုးရိမ်လျက် ရှိသောကြောင့် မြို့အတွင်းရှိ ပြည်သူ များ၏ လှုပ်ရှားမှု များကို တင်းကျပ်စွာ စောင့်ကြည့်
လျက်ရှိ ကြောင်း ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဆာအက်မာ မူဇီနီကအာရပ် ဘာသာဖြင့် ထုတ်လွှင့်သည့် အယ်လ်ဆူ မာရီယာ ရုပ်သံသို့ ပြောကြား ခဲ့သည်။

Pyi Chit thar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment