UFL အင်္ဂလိပ်ဘာသာစကား ညနေပိုင်း သင်တန်းသား ၁,၆၀၀ အထိ တိုးမြှင့်လက်ခံ



နိုင်ငံခြားဘာသာတက္က သိုလ်(ရန်ကုန်)တွင် ဖွင့်လှစ်မည့် အင်္ဂလိပ်ဘာသာညနေပိုင်းသင် တန်း၌ လျှောက်ထားသူများပြား သဖြင့် သင်တန်းသား ၁,၆၀၀ အထိ တိုးမြှင့်လက်ခံထားကြောင်း သတင်းရရှိသည်။

ညနေပိုင်းဘာသာသင်တန်း ၀င်ခွင့်လျှောက်လွှာများကို စက် တင်ဘာ ၂၈ ရက်တွင် စတင် လက်ခံရာ လာရောက်လျှောက် ထားသူများပြားခဲ့ပြီး အင်္ဂလိပ်ဘာ သာသင်တန်းအတွက် သင်တန်း သားဦးရေ ၁,၀၀၀ သတ်မှတ်ထား သော်လည်း တိုးမြှင့်လက်ခံခဲ့ ကြောင်း နိုင်ငံခြားဘာသာတက္က သိုလ်(ရန်ကုန်)သင်တန်းရေးရာ ဌာနမှူး ဒေါ်သီတာစိုးက ပြော သည်။

‘‘အင်္ဂလိပ်စာကို ခါတိုင်းပုံ မှန်က ၆၀၀ ပဲလက်ခံတယ်။ အ ခု ၁,၀၀၀ ပြင်ထားတာကို အကုန် ပြည့်သွားလို့ ချက်ချင်းပြင်ဆင်ပြီး ၁,၆၀၀ အထိ လက်ခံလိုက်ပါ တယ်။ ဆယ်တန်းအောင်စာရင်း ထွက်ထားပြီး တက္ကသိုလ်ဝင်ခွင့် စောင့်နေတဲ့ ကလေးတွေက တက်ချင်ကြတော့ ဒီတစ်ခေါက် တ အားများတယ်။ ကျောင်းရဲ့ နေ ရာ၊ စာသင်ခန်းအနေအထား၊ ဆရာအင်အားအရ ကန့်သတ် လက်ခံရတာဖြစ်တဲ့အတွက် ဒီ ထပ်အဆောက်အအုံတွေ တိုးချဲ့ လာရင် ပိုပြီးတော့ လက်ခံချင်ပါ တယ်’’ဟု ဒေါ်သီတာစိုးက ပြော သည်။

သင်တန်းဝင်ခွင့်လျှောက် လွှာများကို ဦးရာလူစနစ်ဖြင့် လက်ခံခဲ့ပြီး အင်္ဂလိပ်ဘာသာသင်တန်း အတွက် သင်တန်းသားဦးရေ ၁,၆၀၀ မှာ စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် ပြည့်သွားခဲ့ ကြောင်း ၎င်းက ဆက်လက်ပြော သည်။

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၏ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုဌာနက ဖွင့်လှစ်သည့် ညနေပိုင်း သင်တန်းများအဖြစ် အင်္ဂလိပ်စာ၊ ဂျပန်၊ ဂျာမန်၊ ရုရှား၊တရုတ်၊ ပြင်သစ်၊ ကိုရီးယား၊ ထိုင်းနှင့် မြန်မာဘာသာသင်တန်း များကို ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း အဆိုပါဌာနမှ သိရ သည်။

‘‘သင်တန်းလျှောက်ဖို့ ည ကတည်းက လာစောင့်နေတာ။ လာစောင့်နေတဲ့ သူတွေကလည်း အများကြီးပဲ။ အင်္ဂလိပ်စာက ခဏလေးနဲ့ ပြည့်သွားတယ်’’ဟု သင် တန်းဝင်ခွင့်လာရောက်လျှောက် ထားသည့် ကျောင်းသားမိဘတစ် ဦးက ပြောသည်။

အဆိုပါညနေပိုင်းသင်တန်း များကို နိုင်ငံခြားဘာသာတက္က သိုလ်(ရန်ကုန်)၌ အောက်တိုဘာ ၅ ရက်က စတင်၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ များတွင် ညနေ ၅ နာရီခွဲမှ ည ၇ နာရီ အချိန်အထိ သင်ကြားသွား မည်ဖြစ်သည်။

အင်္ဂလိပ်ဘာသာသင်တန်း တွင် သင်တန်းကာလ သုံးလဖြစ် ပြီး ကျန်ဘာသာစကားသင်တန်း များမှာ ခြောက်လသင်ကြားရမည် ဖြစ်ကာ သင်တန်းကြေး တစ်လ လျှင် ကျပ် တစ်သောင်းနှုန်းဖြင့် ကျောင်းအပ်လက်ခံချိန်တွင် တစ် ခါတည်း ပေးသွင်းရမည်ဖြစ် သည်။

သင်တန်းဝင်ခွင့်လျှောက် လွှာများကို စက်တင်ဘာ ၂၈ ရက်မှအောက်တိုဘာ ၂ ရက်ထိ နိုင်ငံ ခြားဘာသာတက္ကသိုလ်တွင် လက်ခံသွားမည်ဖြစ်ပြီး လျှောက်ထား သူများသည် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်၊ တက္ကသိုလ်ဝင် တန်းရမှတ် အမှတ်စာရင်း၊ ဘွဲ့ လက်မှတ်နှင့် ဓာတ်ပုံသုံးပုံတို့ဖြင့် လာရောက်လျှောက်ထားရမည် ဖြစ်သည်။

နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)၌ ညနေပိုင်းဘာသာ စကားသင်တန်းများကို ၁၉၉၇ကစ၍ ဖွင့်လှစ်သင်ကြားနေခြင်း ဖြစ်သည်။

Source...7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment