တာချီလိတ်တွင် တအိမ်တည်းနေ မိသားစု ၃ ဦး သေဆုံးမှုဖြစ်ပွား

12065527_1167949836553821_9082700709482922840_n
တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်းရှိ တအိမ်တည်းနေ မိသားစု ၃ ဦးလုံး အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်းက သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာ ၈ ရက်နေ့ ညပိုင်းက ပုန်းထွန်ရပ်ကွက်၊ ပိတောက် ၉ လမ်းသွယ်မှာ မီးလောင်မှုဖြစ်ပွားတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ နယ်ထိန်းတပ်ဖွဲ့ဝင်တွေက မီးငြိမ်းသတ်ခဲ့ပါတယ်။
မီးငြိမ်းပြီး အိမ်အတွင်း ၀င်ရောက်ရှာဖွေရာ ကုတင်ပေါ်မှာ အမျိုးသားတဦးနဲ့ ကုတင်ခြေရင်းမှာ အမျိုးသမီးတဦး မီးလောင်သေဆုံးနေကြောင်း တွေ့ရတယ်လို့ တာချီလိတ်ရဲစခန်းက သိရပါတယ်။
ယောက္ခမဖြစ်သူ အသက် ၈၀ ကျော် အဘွားအိုဟာ လည်ပင်းဓားနဲ့ လှီးခံရပြီး ၄ လက်မခန့် ပြတ်ရှဒဏ်ရာရရှိထားတာကြောင့် ဆေးရုံကို ပို့ဆောင်စဉ် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
လူသတ်တရားခံကို ဖမ်းဆီးရမိဖို့  တာချီလိတ်မြို့နယ်ရဲစခန်းက သက်သေတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့  တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဝင်းအောင်က ဒီဗွီဘီကို ပြောပါတယ် ။
12112481_1167949843220487_7866304509477698156_n
“လူသတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူးခင်ဗျာ။ မိသားစုပြဿ     နာလို့ ကနဦး သံသယထားပါတယ်။ တရားခံကို ဖမ်းမိနိုင်ဖို့ ရဲစခန်းက လူတချို့ကို ခေါ်ယူ စစ်ဆေးနေတာတွေ ရှိပါတယ်။”
တာချီလိတ်မြို့မရဲစခန်းက (ပ)၂၁၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂/၄၃၆ နဲ့ အမှုဖွင့်ဆောင်ရွက်နေပါတယ်။

သတင်းဓာတ်ပုံ – ကိုဇက်
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment