လမ်းမလျှောက်ချင်လို့ တက္ကစီ ခိုးသွားတဲ့ လူတစ်ယောက်


Des Moines ဆေးရုံကနေ ဆင်းလာပြီးနောက် တက္ကစီတစ်စီးကို ခိုးသွားတယ်လို့ စွပ်စွဲခံရတဲ့ လူတစ်ယောက်ဟာ သူအိမ်အပြန် လမ်းမလျှောက်ချင်လို့ ခိုးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အသက် ၂၆နှစ် ရှိပြီဖြစ်တဲ့ Luis Orellana-Rivera သောကြာနေ့ နံနက် ၆နာရီခန့် မှာ ဆေးရုံကဆင်းခဲ့ပြီး တက္ကစီကို မောင်းပြေးသွားတာ ဖြစ်တယ်လို့ Des Moines ရဲဌာနက ပြောပါတယ်။ အဲ့ဒီ့အချိန်တုန်းက တက္ကစီမှာ လူမရှိဘဲနဲ့ စက်နှိုးတဲ့နေရာမှာ သော့တန်းလန်းရှိနေခဲ့တယ်လို့ သိရပါတယ်။

တက္ကစီကို ခိုးယူသွားပြီး နာရီဝက် အကြာမှာတင်ပဲ Orellana-Rivera ကို ရှာတွေ့ခဲ့ရပါတယ်။ သူ့ကို ဖမ်းမိတုန်းက သူ့အိတ်ကပ်ထဲမှာ တက္ကစီသော့ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတွေကပြောပါတယ်။

သူဟာ ခြောက်ဘလောက် ဝေးတဲ့ အိမ်ကို လမ်းမလျှောက်ချင်လို့ပါဆိုပြီး ဖမ်းတဲ့ရဲတွေကို Orellana-Rivera ကပြောကြောင်း Des Moines ရုပ်သံဌာနမှာ သတင်းထုတ်ပြန်ပါတယ်။

Orellana-Rivera ဟာ ဒုတိယဆင့် ခိုးမှုကို ရင်ဆိုင်နေရပါတယ်။ တနင်္ဂနွေနေ့တုန်းက သူဟာ စီရင်စု အကျဉ်းထောင်မှာပဲ ရှိနေပါသေးတယ်။ ရှေ့နေ စာရင်းမသွင်းထားကြောင်း တရားရုံးက မှတ်တမ်းတင်ထားပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref: AP
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment