ထူးဆန်းတဲ့အင်တာနက်ပေါ်ပင် လုပ်ရပ်တစ်ခုဟာ လောလောဆယ် ဆိုရှယ်နက်ဝေါ့ခ်တွေမှာ ခေတ်စားလျက်ရှိပြီး လူတွေဟာ သူတို့ ရဲ့ တန်ဖိုးကြီး iPhone တွေကို သည်းထိတ်ရင်ဖိုနေရာတွေမှာ အရဲစွန့် ကိုင်ပြမှုတွေ ပါဝင်ပါတယ်။
Indie pop တီးဝိုင်း Twenty One Pilots တီးဝိုင်းအဖွဲ့ ဝင်တွေဟာ သူတို့ ရဲ့ iPhone တွေကို ရေမြောင်းအပေါက်ကြား နဲ့ လသာဆောင်အပေါ်တွေကနေ လက်ညှိုး၊ လက်မညှပ်ကိုင်ပြတဲ့ ဗီဒီယိုတွေ ကို အတွဲလိုက်တင်ခဲ့ပြီးနောက် တခြားလူတွေကလည်း လိုက်လုပ်ခဲ့တာဖြစ်ပါတယ်။
Twenty One Pilots တီးဝိုင်းက စလိုက်တဲ့ အဆိုပါ အရူးထတဲ့ လုပ်ရပ်မှာ လူတွေဟာ သူတို့ ရဲ့ တန်ဖိုးကြီးဖုန်းတွေကို ဘယ်လိုမှပြန်မရနိုင်မယ့် ချောက်အနက်ကြီးတွေပေါ်ကနေ တစ်မျိုး၊ ရေမြောင်းအပေါက်ကြားကနေ တစ်မျိုး လက်ညှိုး၊ လက်မညှပ်ကိုင်ကာ တွဲလောင်းချပြမှုတွေ လုပ်ပြလျက်ရှိပါတယ်။
ဒီပေါ်ပင်အရူးထမှုကို Twitter မှာ #extremephonepinching ဆိုပြီး hashtag လုပ်ကာ ၀င်ရောက်နိုင်ပြီး လူအများအပြားဟာ သူတို့ ရဲ့စိန်ခေါ်မှုဗီဒီယိုနဲ့ ဓာတ်ပုံတွေကို တင်ထားကြပါတယ်။ အခုလို ဆိုရှယ်မီဒီယာ စိန်ခေါ်မှုတစ်ခုအတွက် သက်သက်မဲ့ သင့်ရဲ့တန်ဖိုးကြီးပစ္စည်းကို ဘေးအန္တရာယ် မကင်းဘဲ အရဲစွန့် ကိုင်ပြတာမျိုးက ရူးသွပ်မှုတစ်ခုပါပဲ။
Ref: Mirror
Trend Myanmar
0 comments:
Post a Comment