သတ်မှတ်ထားသော အရောင်းစံချိန် မရလို့ ၀န်ထမ်းများကို လေးဘက် ထောက်သွားစေခဲ့



အေသင်အောင်              
              တရုတ်နိုင်ငံ ဟီနန်ဒေသတွင် ကုမ္ပဏီ တစ်ခုသည် သတ်မှတ်ထားသည့် အရောင်း စံချိန် မပြည့်ခဲ့သောကြောင့် ၀န်ထမ်းများကို ဆိုးရွားသည့် ပြစ်ဒဏ် ချမှတ် ခဲ့သည်။ ယင်းမှာ ၀န်ထမ်းများကို လူမြင်ကွင်းတွင် လေးဘက်ထောက် သွားလာ စေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အရပ်ဒေသရှိ ရေကန်ဝန်းကျင်တွင်  ၀န်ထမ်းများကို လေးဘက်သွား ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းကြောင့် ၀န်ထမ်းများသည် အရှက်ရစရာ ဖြစ်ခဲ့ပြီး၊ အနာတရ ဖြစ်မှုများလည်း ရှိခဲ့သည်။ ယင်းဖြစ်စဉ်ကို လူမူကွန်ရက်များတွင် ဖော်ပြခဲ့ရာ ကုမ္ပဏီ၏ လုပ်ရပ်ကို အပြင်းအထန် ဝေဖန်ခဲ့သည်။ လူမူကွန်ရက် အသုံးပြုသူ တစ်ဦးက ၀န်ထမ်းများ၏ ဂုဏ်သိက္ခာကို စဉ်းစားပေးခြင်း မရှိခြင်းကြောင့် စိတ်ပျက်စရာ ဖြစ်ကြောင်း ရေးသားခဲ့သည်။ ၀န်ထမ်းများကို ကြမ်းတမ်းသည့် အပြစ်ပေးခြင်းသည် ခေတ်သစ် စီးပွားရေးတွင် မရှိသင့်တော့ကြေင်း၊ မည်သည့် အတွက်ကြောင့် ပြုလုပ်ခဲ့သည်ကို နားမလည်ကြောင်း  အလုပ်သမားများကိုလည်း လေးစားရန် လိုအပ်ကြောင်း စသည်ဖြင့် ဝေဖန် မှတ်ချက် အမျိုးမျိုး ပေးခဲ့သည်။
             တရုတ်နိုင်ငံတွင်  အလုပ်ရှင်များသည် အလုပ်သမားများ အပေါ် မတရား စေခိုင်းမူများ၊ နှိပ်စက်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment