ဟိုတယ်တစ်လုံးတွင် နေထိုင်ရသလိုမျိုး ဖန်တီးထားသည့် ကားအိမ်

အမေရိကန် ပြည်ထောင်စုတွင် ကားအိမ်တွေ အများအပြား ရှိသည်။ နေအိမ်တွင် အတည်တကျ မနေလိုသူများသည် ကားအိမ်များတွင် နေထိုင်ကြခြင်း ဖြစ်သည်။ ကားကို အိမ်တစ်လုံး ပုံစံဖြစ်အောင် ဖန်တီးထားခြင်း ဖြစ်သည်။ American Eagle မှ ထုတ်လုပ် မိတ်ဆက်ပြသသည့် ကားအိမ်သည် ခမ်းနားလွန်းနေသောကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ကားအိမ် အမျိုးမျိုး ရှိသော်လည်း ယခုထုတ်လုပ်လိုက်သည့် ကားသည် အဆင့်အတန်း မြင့်မားပြီး ဟိုတယ်တွင် နေထိုင်သလိုမျိုး ခံစားရအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ ရှည်လျားသည့် ကားကို အသုံးပြုပြီး အတွင်းပိုင်းကို ပြင်ဆင်ရာတွင် ဇိမ်ခံပစ္စည်းများ ထည့်သွင်းထားခြင်း ဖြစ်သည်။
      ယင်းကား၏ အရှည်သည် ( ၄၅) ပေအထိ ရှည်သည်။ ကားတစ်စီး၏ တန်ဖိုးမှာလည်း  ဒေါ်လာ(၇၀၀၀၀၀) ရှိသည်။ ၂၀၁၆ မော်ဒယ်ဖြစ်ပြီး၊ ခမ်းနားသည့် ခံစားမှုရရှိစေမည် ဖြစ်သည်။ ယင်းကားကို ဟိုတယ်အဖြစ် ခိုင်းနှိုင်းထားသည့် အကြောင်းရင်းများ ရှိသည်။ ကားထဲတွင် အ၀တ်လျော်စက်၊ ပန်းကန်ဆေးစက်၊ ရေခဲသေတ္တာ၊ ရေချိုးခန်းတို့ကို ထည့်သွင်းပေးထားသည်။  မီးဖိုခန်း၊ ဧည့်ခန်း၊ အနားယူခန်း စသည်တို့လည်း ပါဝင်ပြီး ကျယ်ဝန်းစွာ အိပ်စက်နိုင်အောင် ပြုလုပ်ထားသည်။ မောင်းနှင်ရာတွင်လည်း အကောင်းဆုံးဖြစ်အောင် အထောက်အကူပြု ပစ္စည်းစုံကို ထည့်သွင်းပေးထားသည်။ ကြီးမားသည့် တီဗီသုံးလုံး၊ အိုင်ပက်ဖြင့် ကားကို ထိန်းချုပ်မောင်းနှင်ခြင်း စသည်များလည်း ပါဝင်နေသောကြောင့် ဟိုတယ်တစ်လုံးနှင့် ခိုင်းနှိုင်းခဲ့ခြင်း ဖြစ်သည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment