ကိုကိုးကျွန်းနဲ့ ဟိုင်းကြီးကျွန်းက တပ်မတော်သားမဲပေးခွင့်ရှိသူစာရင်း ၂၀၀ ခန့် တူညီနေ


ကိုကိုးကျွန်းမှာ မဲဆွယ်စည်းရုံးမယ့် NLD ကိုယ်စားလှယ်လောင်းတွေ အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင် ရှိ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းစဉ်။ ဓါတ်ပုံ - မမိုးကလျာဦး/RFA
 ဟိုင်းကြီးကျွန်းက ရေတပ်စခန်းဌာနချုပ်မှာရှိတဲ့ မဲပေးခွင့်ရှိသူစာရင်းထဲက လူ ၂၀၀ ဟာ ကိုကိုးကျွန်းမဲဆန္ဒနယ်က မဲပေးပိုင်ခွင့်ရှိသူစာရင်းထဲမှာ ပါနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေက ပြော ပါတယ်။

ကိုကိုးကျွန်းက အမှတ် ၂၇ ရေတပ်စခန်းက မဲဆန္ဒရှင်စာရင်းနဲ့ ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ် ပမ္မ၀တီရေတပ်စခန်းဌာနချုပ်က စာရင်းကို စစ်ဆေး ကြည့်တဲ့အခါ မဲပေးခွင့်ရှိတဲ့ တပ်မတော်သားဦးရေ ၂၀၀ လောက်ဟာ တူနေတာကို တွေ့ရတယ်လို့ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။

အဲဒီလိုနာမည်တူနေတာနဲ့ပတ်သက်ပြီး တင်ပြရာမှာ မြို့နယ်ကော်မရှင်ဥက္ကဌက ခရိုင်ကော်မရှင်ထံ တင်ပြပေး မယ်လို့ အကြောင်းပြန်ကြောင်း ဦးဝင်းမင်း က ပြောပါတယ်။

ကိုကိုးကျွန်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၅၀၀ ရှိပြီး အဲဒီထဲမှာ အမှတ် ၂၇ ရေတပ်စခန်း နဲ့ GE အင်ဂျင်နီယာတပ် တို့မှာ မဲပေးခွင့်ရှိတဲ့ တပ်မတော်သားနဲ့ မိသားစု ၀င် ၇၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment