ကောက်ကြောင်းအလှတွေဖော်ပြခဲ့တဲ့ ဗြိတိန် မင်းသမီး Jennifer Metcalfe


ဗြိတိန် တယ်လီဗေးရှင်း အစီအစဉ် Hollyoaks ရဲ့ မင်းသမီး တစ်ယောက်ဖြစ်တဲ့ Jennifer Metcalfe ဟာ Ibiza ကမ်းခြေမှာ အရမ်းကို Sexy ဖြစ်တဲ့ ရေကူးဝတ်စုံနဲ့ ဓါတ်ပုံ အရိုက်ခံပြီးတဲ့နောက်မှာ တစ်ဟုန်ထိုး နာမည်ကြီးလာပါတော့တယ်။


Jennifer Metcalfe ဟာ သူမရဲ့ ကောက်ကြောင်းအလှတွေကို one-piece ရေကူးဝတ်စုံ နဲ့ မဖုံးအုပ် နိုင်လောက်အောင် ဖော်ပြပြီး ရိုက်ကူးခဲ့တဲ့အတွက် အမျိုးသား အပေါင်းတို့ကလည်း သူမရဲ့ ဓါတ်ပုံတွေကို ဝေမျှရင်း သူမဟာ နာမည်ရလာခဲ့တာ ဖြစ်ပါတယ်။အပေါ်ပိုင်း အဖြူရောင် အောက်ပိုင်း အနက်ရောင် ရေကူးဝတ်စံကို ၀တ်ဆင်ထားတဲ့ အသက် ၃၂ နှစ်အရွယ် Jennifer Metcalfe ရဲ့ ပို့စ် အနေအထားတိုင်းဟာလည်း ဆွဲဆောင်မှု ရှိနေခဲ့ပြီး သူမဟာ အသားအရေ အလှကို တော့ သဘာဝ အတိုင်းပဲ ထားရှိပြီး မိတ်ကပ် လိမ်းခြယ်ထားခြင်းမရှိခဲ့ပါဘူး။
Hollyoaks အစီအစဉ်ရဲ့ Channel 4 မှာလည်း Mercedes McQueen အဖြစ် သရုပ်ဆောင်ထားတဲ့ Jennifer Metcalfe က သူမအခုလို ကောက်ကြောင်းအလှ တွေရရှိလာအောင်လို့ ဘယ်လို ကြိုးစားခဲ့တယ်ဆိုတာကို ဖွင့်ဟ ပြောပြခဲ့ပါတယ်။
သူမဟာ ရုပ်ရှင် ရိုက်ကူးခြင်းတွေကနေ ၄ လ ခန့် အနားယူခဲ့ပြီးတဲ့နောက်မှာ ခန္ဓာကိုယ် အချိုးအစားကို ထိန်းသိမ်းဖို့ အတွက် အားကစားခန်းမ မှာ လေ့ကျင့်ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ အစားအသောက်ကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပြီး  သူမရဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့အတွက် LighterLife Fast ဆိုတဲ့ ၀ိတ်ချဆေး တစ်မျိုးကို မှီဝဲ တဲ့အကြောင်းတွေကိုလည်း ဖွင့်ဟ ၀န်ခံခဲ့ပါသေးတယ်။



( Mario )
သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
celebrity.thithtoolwin.com
Ref : Mirror





Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment