Spectre ပြီးနောက် နောက်ထပ် James Bond ရုပ်ရှင်ကားအသစ်နှစ်ခုမှာ Daniel Craig ပါဝင်ဦးမည်


Daniel Craig ဟာ နောက်ထပ်နှစ်အတော်ကြာ James Bond အဖြစ် သရုပ်ဆောင်ဦးမှာဖြစ်တယ်လို့  ဆိုပါတယ်။ Daniel Craig ဟာ နောက်ထပ် James Bond ရုပ်ရှင်ကားအသစ်မှာ ပါဝင်ဖို့ ကတိက၀တ်ပြုထားပြီး ဖြစ်တယ် လို့ သတင်းတစ်ခုအရ သိရပြီး Spectre ဇာတ်ကားမှာ Daniel Craig နဲ့ အတူ ပူးတွဲသရုပ်ဆောင် ထားတဲ့ Dave Bautista ကလည်း Daniel အနေနဲ့ James Bond ကားသစ် အနည်းဆုံး နောက်ထပ် တစ်ကားလောက် သရုပ်ဆောင်မယ်လို့ ထင်ထားကြောင်း ပြောကြားခဲ့ပါတယ်။
“ နောက် Bond အသစ်က ဘယ်သူဖြစ်မလဲဆိုတာ လူတွေ ပြောနေကြတယ်။ ဒါပေမယ့် Daniel က ဒီ ဇာတ်ကောင်နေရာက နားလိုက်ပြီလို့ အခုထိ မပြောထားပါဘူး။” လို့ Dave Bautista က ပြောခဲ့ပါတယ်။“ Spectre ရိုက်ကွင်းမှာ ကျွန်တော်တို့ ပြောဖြစ်ကြတဲ့ စကားတွေအရ၊ သူ အနည်းဆုံး နောက်ထပ်တစ်ကားလောက် ရိုက်ဦးမှာပါ” အသက် ၄၇ နှစ်အရွယ် လက်ရှိ James Bond မင်းသား Daniel Craig ဟာ မကြာသေးခင်က ခွင့်ပြုချက် မရဘဲ Selfie လာရိုက်တဲ့ Selfie မုဆိုးတွေကို သူ စက်ဆုပ်မုန်းတီးကြောင်းပြောကြားခဲ့ပါတယ်။
“ ကျွန်တော်နဲ့ ကျွန်တော့်ဘော်ဒါတွေ အပြင်ထွက်၊သောက်စားပြီး အကုန် မူးပြဲနေတဲ့အချိန်မှာ၊ တစ်ယောက်ယောက်က ဓာတ်ပုံတွေလာရိုက်ရင်တော့၊ အဲဒီလူတွေ ထုရိုက်ခံရလိမ့်မယ်” လို့  Daniel Craig က The Sunday Times’ Culture မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။
Ref: Mirror 
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment