ထီးတစ်ချောင်းနဲ့ ဆင်တူ တဲ့ UFO တစ်စင်း ဘရာဇီးလ် နိုင်ငံ ကောင်းကင်မှာ ပျံသန်းနေတာ တွေ့ရှိ



ဒီထူးဆန်းတဲ့ အမိုးခုံးပုံစံ အရာဝထ္ထု တစ်ခုဟာ ကောင်းကင်မှာ ပျံဝဲနေတာကို ပြည်သူတစ်ယောက်က တွေ့ရှိလိုက်ပါတယ်။

အဲဒါနဲ့ပဲ Denis Deco ဆိုသူဟာ သူရဲ့ Nikon ကင်မရာ ကို ယူလိုက်ပြီး Zoom ကို အဆုံးထိ ချဲ့ကားပြီး ကြည့်ရှုလိုက်ရာမှာတော့ တွေ့နေကြမဟုတ်တဲ့ မြင်ကွင်းကို သူတွေ့သွားတာပဲ ဖြစ်ပါတယ်။ ထို အရာဝထ္ထုဟာ ထီးတစ်ချောင်းနဲ့လည်း အသွင် သဏ္ဍာန်တူညီနေပြီး အများစုကတော့ အမည်မသိ ပျံသန်း ပစ္စည်း (UFO) လို့ ယုံကြည်နေကြပါတယ်။

အမှန်တစ်ကယ်ကတော့ အခုလို UFO တစ်စင်းကို ကောင်းကင်မှာ ပျံဝဲနေတာကို တွေ့လိုက်တာဟာ ဇွန်လ တုန်းကပါ။ ဒါပေမယ့်လည်း မနေ့ကမှ ထို ဗီဒီယို ဟာ အင်တာနက် ပေါ်ရောက်လာပြီး ကြည့်ရှုသူများပြားခဲ့တာဖြစ်ပါတယ်။

ထို UFO ကိုတော့ မနက်ပိုင်း ၈ နာရီ ၄၀ မိနစ် အချိန် ၊ ဘရာဇီးလ်နိုင်ငံ ၊ ဆာအိုပေါ်လို မြို့ရဲ့ Mogi das Cruz မြို့နယ်ရဲ့ အပေါ်မှာ ပျံဝဲနေတာ တွေ့လိုက်တာဖြစ်တယ်လို့ Denis Deco က ဆိုပါတယ်။

ထို ရိုက်ကူးထားမှုဟာလည်း အတိုင်းအတာ တစ်ခုအထိ ကြည်လင်ပြတ်သားနေတာကြောင့် ကြည့်ရှုသူတွေကလည်း UFO ဖြစ်တယ်ဆိုတာကို လက်ခံခဲ့ကြပါတယ်။

ဒီလ အစောပိုင်းတုန်းကလည်း Warwickshire မြို့ ရဲ့ ကောင်းကင်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်ပြီး အရောင်ပြောင်းနိုင်တဲ့ အလင်းရောင် တစ်ခု ကို တွေ့ခဲ့ရသလို သြစတြေးလျ က မိသားစုတစ်ခုကလည်း ဓါတ်ပြား သဏ္ဍာန် အရာတစ်ခုကို ကောင်းကင်မှာ တွေ့လိုက်ရတယ်လို့ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment