ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီးမားကို ပြင်သစ်ရဲတပ်ဖွဲ့ ဖမ်းဆီး



လိုင်ယွန်အသင်း၏ ကွင်း လယ်ဖန်တီးရှင် မက်သရူးဗော်ဘူ နာကို ငွေညှစ်ရန် ကြိုးစားသည်ဆို သော အမှုနှင့်ဆက်စပ်၍ ရီးရဲလ် အသင်းတိုက်စစ်မှူး ဘန်ဇီးမားကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ ကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။


ပြင်သစ်အာဏာပိုင်များက ဇူလိုင်လအတွင်း အမှုဖွင့်ခဲ့သည့် ငွေညှစ်ရန် ကြံစည်မှုနှင့် ဆက် စပ်၍ ဖမ်းဆီးမခံရမီ ဘန်ဇီးမား သည် တရားရေးဆိုင်ရာ ရဲတပ်ဖွဲ့ ရုံးသို့ သွားရောက်ခဲ့သည်ဟု ယုံ ကြည်ရသည်။

ပြင်သစ်လက်ရွေးစင် ဗော် ဘူနာပါဝင်သော လိင်ပိုင်းဆိုင်ရာ ဗီဒီယိုဖိုင်တစ်ခုနှင့် ဆက်စပ်၍ ငွေညှစ်ရန် ကြိုးပမ်းမှုနှင့် ယင်းဖြစ် ရပ်တို့ ဆက်စပ်နေသည်။

ယင်းအမှုနှင့်ဆက်စပ်သည့် စုံစမ်းစစ်ဆေးမှုများအတွင်း လီ ဗာပူးတိုက်စစ်မှူးဟောင်း ဆစ်စီ လည်း ဖမ်းဆီးခံရကာ အောက် တိုဘာလက ပြန်လွတ်လာခဲ့ သည်။

ပြီးခဲ့သည့်လက အစိုးရရှေ့ နေထုတ်ပြန်သည့် ကြေညာချက် တစ်ရပ်တွင် ၂၀၁၅ ဇူလိုင် ၃၁ ရက်က မာဆေးလ်တရားရုံးတွင် ဖွင့်ထားသော တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုနှင့် ဆက်စပ်၍ ဆစ်စီကို ဖမ်းဆီးခဲ့သည်ဟု ဖော် ပြသည်။

ယင်းလိင်ပိုင်းဆိုင်ရာ ဗီဒီယို ဖိုင်ကို အွန်လိုင်းသို့မတင်ရန် ယူရို ၁၅၀,၀၀၀ ပေးရန် ဗော်ဘူနာထံ မှ တောင်းခံမှုရှိကြောင်း အမှုတွဲ တွင် ဖော်ပြထားသည်ဟု အေ အက်စ်သတင်းဌာနက ဖော်ပြ သည်။
Source:7day daily.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment