ရွေးကောက်ပွဲ မျှတရင် ပိတ်ဆို့မှုတွေ ဖျက်သိမ်းပေးနိုင်


 မြန်မာနိုင်ငံမှာ ​ရွေးကောက်ပွဲကို ​တရားမျှတစွာ ​ကျင်းပမယ်ဆိုရင် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ဖယ်ရှားပြီး ​အမေရိကန်နဲ့ ​ထားရှိတဲ့ ​ဆက်ဆံရေး ​တိုးတက်လာနိုင်တယ်လို့ ​အိမ်ဖြူတော်ရဲ့ ​အကြံပေးတစ်ဦးက ​ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကနေ ​မကြာသေးခင်တုန်းကပဲ ​ပြန်ရောက်လာတဲ့ ​Ben ​Rhodes ​က ​အခုလောလောဆယ် ​ပြဿနာတွေ ​ရှိပေမယ့်လည်း ​တရားမျှတမှု ​များတဲ့ ​ရွေးကောက်ပွဲ ​ဖြစ်ရင်တော့ ​စီးပွားရေးနဲ့ ​သံတမန်ရေးတွေမှာ ​တိုးတက်မှုတွေ ​ဖြစ်လာနိုင်တယ်လို့ ​ပြောပါတယ်။

မြန်မာအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှုတချို့ ​ဖယ်ရှားပေးပြီဆိုပေမယ့် ​အကုန်လုံးကို ​မဖယ်ရှားပေးသေးတဲ့အကြောင်း ​မြန်မာရွေးကောက်ပွဲအပေါ် ​မူတည်ပြီး ​အကျိုးခံစားရမှုတွေ ​ရှိလာမယ်လို့ ​ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​ကျင်းပမယ့် ​နိုဝင်ဘာလ ​၈ ​ရက် ​ရွေးကောက်ပွဲအပြီးမှာ ​အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမား ​မြန်မာနိုင်ငံကို ​တတိယအကြိမ် ​လာရောက်လည်ပတ်မယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment