ပုရိသတွေကို ဖမ်းစားလိုက်တဲ့ ဗြိတိန်မော်ဒယ်

ဗြိတိန်မော်ဒယ်နဲ့ သရုပ်ဆောင် Gemma Atkinson ဟာ ကျူးဘားနိုင်ငံက ရေကူးကန်တစ်ခုမှာ အပန်းဖြေနေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ 
Hollyoaks ဇာတ်ကားနဲ့ အောင်မြင်လာတဲ့ သူမဟာ  Emmerdale ဆိုတဲ့ ဇာတ်ကားမှာ လောလောဆယ် သရုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

 သူမရဲ့ အခုလိုမျိုး Bikini နဲ့ပုံတွေကို သူမရဲ့ ပရိသတ်တွေက တစ်ခါမှ မြင်ဖူးခဲ့ခြင်းမရှိတာကြောင့် တအံ့တသြဖြစ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ 
သူမဟာ သေးငယ်တဲ့ပန်းရောင် Bikini တစ်စုံနဲ့ ကျူးဘားနိုင်ငံမှာ အပန်းဖြေနေတဲ့ပုံတွေကို မျှဝေခဲ့တာပါ။ 


Atkinson ဟာ အခုလောလောဆယ် သရုပ်ဆောင်နေတဲ့ Emmerdale ထဲက ဇာတ်ကောင်ပုံစံမျိုးနဲ့ ယှဉ်လိုက်တဲ့ အချိန်မှာတော့ အတော်လေးကို ကွဲပြားနေတာကို တွေ့ရမှာပါ။ ခါးသေးရင်ချီရှိတဲ့ သူမရဲ့ ခန္ဒာကိုယ်အလှပေါ်မှာ တစ်ခုဖြည့်စွက်လိုက်တာကတော့ သူမရဲ့ ဝမ်းဗိုက်ပေါ်က တက်တူးတစ်ခုပါ။ 

သူမဟာဆိုရင် ခန္ဒာကိုယ်အလှကို ထိန်းသိမ်းဖို့အတွက် မနက် လေးနာရီခွဲတိုင်း လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ သူမရဲ့ အဖေသေဆုံးမှုအတွက် ခေါင်းကိုက်ဝေဒနာကိုလည်း အတော်လေးဆိုးဆိုးရွားရွား ခံစားခဲ့ရတယ်လို့လည်း သိရပါတယ်။ " ကမန်မရဲ့ အဖေဟယာ ကျန်းမာရေးလိုက်စားခဲ့သူတစ်ယောက်ပါ။ အရက်မသောက် ဆေးလိမ်မသောက်ခဲ့တာတောင် သူ အသက် ၅၂ မှာတင် ကွယ်လွန်ခဲ့ရတယ်။ ဒါ့ကြောင့် ကျွန်မလည်း ကျန်းမာရေးလိုက်စားနေရတာပေါ့ " လို့ ပြောပါတယ်။ 

(Paing A K) 

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment