ဓားဒဏ်ရာ ၁၄ ချက်နဲ့ မြေမြှုပ် ခံလိုက်ရတဲ့ မွေးစကလေးငယ် အသက်ရှင်ဆဲ


 ဖေဖော်ဝါရီလ(၂၅) ။ ။ ထိုင်းနိုင်ငံ ခွမ်းကန်မြို့ ဝမ်ရိုင်အုပ်စု နွန်းဆဝမ်ကျေးရွာမှာ ဖေဖော်ဝါရီလ (၂၃)ရက်က ဓားနဲ့ထိုးသတ်ပြီး မြေမြှုပ်ခံထားရပေမဲ့ မသေသေးတဲ့ မွေးစကလေးငယ်ကို ဒေသခံတွေက ခွမ်းကန်ဆေးရုံကို ချက်ချင်းပို့ပေးပြီး ကလေးကို ကယ်တင်လိုက်နိုင်ပါတယ်။


ကလေးငယ်ဟာ မွေးပြီးရက်ပိုင်းသာ ရှိဦးမယ့် သားယောက်ျားလေးဖြစ်ပြီး အသားဖြူဖြူနဲ့ ကိုယ်အလေးချိန်က (၂.၇၅၀)ရမ်ရှိတယ်လို့ သိရပါတယ်။ ဒီကလေးငယ်ရဲ့ ခန္ဓာကိုယ်မှာ ဓားဒဏ်ရာ (၁၄)ချက်ကို တွေ့ရတယ်လို့ ဆရာဝန်တွေဆီက သိရပါတယ်။

"ကလေးကို တွေ့တဲ့နေရာက ယူကလစ်ခြံထဲမှာ ဆိုင်ကယ်နဲ့ ခြေရာတွေကို တွေ့တယ်။ သွေးပေနေတဲ့ တီရှပ်အင်္ကျီပန်းရောင် တွေ့တယ်။ ကလေးရဲ့လည်ပင်းမှာလည်း ပလပ်စတစ်အိတ် နဲ့ ရစ်ပတ်ထားတယ်။ ကလေးကို မြှုပ်ထားတဲ့တွင်းက (၂၀)စင်တီမီတာလောက်ရှိတယ်။ ကလေးရဲ့ ရင်ဘတ်မှာလည်း ဓားဒဏ်ရာ (၁၄)ချက်ရှိတယ်။ ကလေးကို ရွာသားတွေတွေ့ပြီး အသက်ဘေးက လွတ်မြောက်သွားခဲ့တယ်”လို့ နွန်းဆဝမ်ရွာသူကြီးက ပြောပါတယ်။


လက်ရှိမှာတော့ ကလေးကို အောက်စီဂျင်နဲ့ အသက်ရှုရအောင် လုပ်ပေးထားပြီး ဝမ်းဗိုက်ကိုလည်း ခွဲစိတ်ကုသထားတာကြောင့် ကလေးမှာ နို့တော့ စို့လို့မရသေးဘူးလို့ သိရပါတယ်။

အခုလို ကလေးငယ်ကို ရက်ရက်စက်စက်လုပ်သူကို ခွမ်းကန်ရဲတပ်ဖွဲ့က အမြန်ဆုံး ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

ဘာသာပြန်။ ။ ‪နန်းမောက်ကွမ်‬
Ref; Ref; sanook,
Photo: tototoomtam8
Tachileik News Agency
http://www.tachileik.net/2016/02/thbd.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment