လေးနှစ်အရွယ်ကလေးငယ်ကို ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့တဲ့ အီဂျစ်


အီဂျစ်နိုင်ငံမှာတော့ လေးနှစ်အရွယ်ကလေးငယ်တစ်ဦးကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ချမှတ်ခဲ့တာကြောင့် အီဂျစ်နိုင်ငံတစ်ဝှမ်းမှာ ကန့်ကွက်မှုတွေဖြစ်ပေါ်လျက်ရှိနေပြီး အီဂျစ်တရားစီရင်ရေးကိုလည်း  ရှုံ့ချမှုတွေ ပြုလုပ်နေကြပါတယ်။ ဒီကလေးငယ်ဟာဆိုရင်တော့ လူသတ်တရားခံတစ်ဦးရဲ့ နာမည်နဲ့ မှားယွင်းပြီး အခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ 

Ahmed Mansour Karni လို့ အမည်ရတဲ့ ဒီကလေးဟာဆိုရင်တော့ လွန်ခဲ့တဲ့နှစ်နှစ်က ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး အဲ့ဒီရဲ့ လူသတ်မှုဖြစ်ပွားချိန်မှာ Ahmed Mansour Karni  ဟာ နှစ်နှစ်သားအရွယ်သာ ရှိသေးတာဖြစ်ပါတယ်။ လူသတ်တရားခံဖြစ်သူနဲ့ အမည်တူနေတဲ့ ဒီကလေးကို အနောက်ကိုင်ရိုတရားရုံးက အလိုရှိတဲ့အမိန့်ထုတ်ပြန်ခဲ့ပြီး ဒေသလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ပျက်ပြားစေတယ်ဆိုတဲ့ အမှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ 


ဒီကလေးငယ်ကိုတော့ အသက် ၁၆ နှစ်အရွယ်လူသတ်တရားခံနဲ့ မှားပြီး တရားစွဲဆိုခဲ့တာပါလို့ BBC က ပြောကြားခဲ့ပါတယ်။ ကလေးဘက်က ကာကွယ်ပေးတဲ့ ရှေ့နေဖြစ်သူ Faisal a-Sayd က “ကျွန်မက ဒီကလေး(Ahmed Mansour Karni ) ရဲ့ မွေးစာရင်းကို တင်ပြခဲ့ပြီး တရားရုံးကို ပြန်ပြီးစိစစ်ပေးဖို့ တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီအမှုကို စစ်ခုံရုံးကို လွဲခဲ့တာကြောင့် ကျွန်မတို့ သွားရောက်ကြားနာခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ခုံရုံးက ဒီကလေးကို ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့တယ် ” လို့ ပြောပြခဲ့ပါတယ်။

ဒါ့ကြောင့် အီဂျစ်နိုင်ငံက ရှေ့နေဖြစ်သူ Mohammed Abu Hurira ကတော့ အီဂျစ်တရားရေးဟာ သက်ညှာမှုကင်းမဲ့ပြီး အပြစ်ရှိတယ်လို့ သံသယရှိသူကို အပြစ်ပေးလေ့ရှိပြီး လူနည်းစုက တရားစီရင်ရေးကို ချုပ်ကိုင်ထားတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒီလို အပြစ်မရှိတဲ့ကလေးတစ်ယောက်ကို အခုလို အမိန့်ချမှတ်ခဲ့တာဟာဆိုရင်တော့ တရားသူကြီးတွေဟာ အမှုကိုတောင် သေချာမဖတ်ရှုဘဲ စီရင်ချက်ချခဲ့တာက ကလေးကို ထောင်ကျစေခဲ့တဲ့အထိ အလွဲလွဲအမှားမှားဖြစ်စေခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ 


( Paing A K )

သစ်ထူးလွင်
knowledge.thithtoolwin.com

Ref : Mirror 
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment