အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး ချေးငွေချထားပေးမှု ပွင့်လင်းမှု မရှိဟုဆိုm

ရန်ကုန်မြို့၊ တာမွေမြို့နယ် ပရိဘောဂ ပြုလုပ်သည့် နေရာတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

မန္တလေး (မဇ္ဈိမ)။ ။ စက်မှုဇုန် အသေးစားနှင့် အလတ်စား (SMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ချေး ငွေချထားပေးရာတွင် မန္တလေးတိုင်းမှ လျှောက်ထားသူ ၂ဝဝ ကျော်အနက်ရရှိသူ ၈၅ ဦး ရှိသော်လည်း မည်သူ ရရှိသည်ကို SMEs Bank မှ အသိပေးခြင်း မရှိသောကြောင့် ပွင့်လင်းမှု လိုအပ်နေကြောင်း စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦး က ပြောသည်။
''SMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ချေးငွေချထားပေးရာမှာ မန္တလေးစက်မှုဇုန် လုပ်ငန်းရှင် တွေ လျှောက်ထားကြပေမယ့် ဘဏ်လုပ်ငန်းဆိုင်ရာတွေ ရှုပ်ထွေးတာရယ်၊ ချေးငွေချပေးတာ ကြန့်ကြာ တာတွေအပြင် ချေးငွေထုတ်ပေးပြီးသူ စာရင်းကို အသိပေးတာမရှိဘူး။ စလုပ်ကတည်းက တိုင်းဒေသကြီး အစိုးရက လုပ်ပေးခဲ့တာပဲ။ ပွင့်လင်းမြင်သာမှု မရှိဘူးဖြစ်နေတယ်'' ဟု ၎င်းကပြောသည်။
စက်မှုဇုန် SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးအတွက် ကျပ်ငွေဘီလီယံ ၂ဝ ချေးငွေချထားပေးခဲ့ရာ လုပ်ငန်းလုပ်သူများမှာ တစ်ဦးလျှင် ကျပ်သိန်း ၁ဝဝ မှ ၃ဝဝ အ ထိ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး အနည်းစုသာ ချေးငွေရရှိသေးသည်ဟု ဆိုသည်
ထိုသို့ လျှောက်ထားရာတွင် စက်မှုဇုန်ချေးငွေစိစစ်ရေးကော်မတီက စိစစ်ရာတွင် ပြည့်စုံမှုရှိသူများကို ရွေး ချယ်ချထားပေး ခြင်းဖြစ်ရာ ၈၅ ဦးသာ ချေးငွေရရှိရေး ထောက်ခံပေးခဲ့ကြောင်း၊ ဘဏ်ပိုင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ ရှုပ်ထွေးမှုနှင့် ကြန့်ကြာမှုများကို လျှော့ပေါ့ပေးသင့်ကြောင်း သုံးသပ်ပြောဆိုခဲ့သည်။
''SMEs လုပ်ငန်းရှင်တွေ အရေးပေါ် သိန်း ၃ဝ၊ သိန်း ၅ဝ စသဖြင့် လိုအပ်လာရင် ချေးခွင့်ပေးဖို့ အသေးစားချေးငွေ ထုတ်ပေးဖို့ မန္တလေးမှာလုပ်ပေးသင့်တယ်။ ရန်ကုန်မှာ ပေးနေပြီလို့ သိရတယ်။ လက်ရှိမှာ ချေးငွေတင်သူတွေက အချိန်မီမရတာ မျိုးတွေကြောင့် လုပ်ငန်းနှောင့်နှေးတာမျိုး ဖြစ်တယ်'' ဟု စက်မှုဇုန် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
အားနည်းနေသည့် SMEs လုပ်ငန်းများ အမှန်တကယ် ဖွံ့ဖြိုးစေရန် ဘဏ်လုပ်ထုံးလုပ်နည်းများ လျှော့ပေါ့သင့်ပြီးလုပ်ငန်းအချိန်မီ ချေးငွေ ရရှိရန်လိုကြောင်း၊ လက်ရှိတွင် သတင်းအချက်အလက် ရရှိမှု အားနည်းသေးကြောင်း ဦးမောင်မောင်ဦးက ပြောသည်။
မန္တလေးစက်မှုဇုန်ကို ၁၉၉ဝ ပြည့်နှစ် က ပေ ၄ဝ x ၆ဝ အကွက်များဖြင့် စတင် ဖော်ထုတ်ခဲ့ပြီး အကွက် ပေါင်း ၃,၅၃ဝ အနက် ၃,ဝဝဝ ခန့်သည် ဂိုဒေါင်၊ စားသောက်ဆိုင်၊ လူနေအိမ်စသည့် အခြားနည်းလမ်းများဖြင့် အသုံးပြုနေခြင်းတို့ကြောင့် မြေကွက်ပိုင်ရှင်များကို လုပ်ငန်းစီမံချက်များ ရေးဆွဲတင်ပြရန် အသိပေးထားသည်။
Written by  Mizzima News
Source:mizzimaburmese.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment