မြိတ် မတ် ၁၂
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာ ဘုတ်ချောင်းရပ်တွင် မတ်လ(၁၂)ရက် မွန်းတည့် (၁၂)နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုမှာ ဘုတ်ချောင်းရပ် အေးရိပ်သာလမ်း ဒေါ်ခင်မြင့်နေအိမ်မှ မီးစတင် လောင်ကျွမ်းခဲ့ပြီး လူနေအိမ်(၈)အိမ်ခန့် မီးလောင်လျက် ရှိကြောင်း သိရှိရသည်။ မီးလောင်သည့် နေရာသို့ မြိတ်မြို့ရှိ မီးငြိမ်းသတ် ရေယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် သန္ဓေ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့နှင့် ပြည်သူများမှ ငြိမ်းသတ်လျက် ရှိကြောင်း ကနဦးသတင်း ရရှိသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
0 comments:
Post a Comment