စစ်အုပ်ချုပ်ရေးဥပဒေ ရုပ်သိမ်းကြောင်း ထိုင်းအစိုးရ ကြေညာ


ထိုင်းစစ်အစိုးရက ၁၀ လကြာ ပြဋ္ဌာန်းခဲ့တဲ့ စစ်အုပ်ချုပ်ရေးဥပဒေကို ပြန်ရုပ်သိမ်းလိုက်တယ်လို့ ဧပြီ ၁ ရက်နေ့ညက ကြေညာချက်ထုတ်ပြန်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ချန်အိုချာရဲ့အမိန့်နဲ့ ရုပ်မြင်သံကြားမှာ ထုတ်ပြန်ကြေညာခဲ့ပြီး လုံခြုံရေးဥပဒေ ပုဒ်မ ၄၄ နဲ့ အစားထိုးမယ်လို့ ကြေညာပါတယ်။

စစ်အုပ်ချုပ်ရေးဥပဒေကို ပြီးခဲ့တဲ့ နှစ်မေလက လူ ၃၀ သေဆုံးတဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့အပြီး အာဏာမသိမ်းခင်မှာ ပြဋ္ဌာန်းခဲ့တာပါ။

ဒီဥပဒေကို ထိုင်းဘုရင်ရဲ့ ခွင့်ပြုချက်နဲ့ ပြန်ရုပ်သိမ်းတယ်လို့လည်း ကြေညာချက်က ဖော်ပြပါတယ်။

ဒီဥပဒေနေရာမှာ အစားထိုးမယ့် လုံခြုံရေးဥပဒေဆိုတာဟာလည်း အခြေခံဥပဒေသစ်မှာ ရေးဆွဲပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်နဲ့ ၀န်ကြီးချုပ်ကို အထူးအခွင့်အာဏာ အပ်နှင်းထားတဲ့ ဥပဒေဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကို အကြွင်းမဲ့အာဏာပေးထားတဲ့ ဥပဒေဖြစ်တဲ့အတွက် လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ထိုင်းပညာရှင်တွေက အပြင်းအထန်ပြစ်တင်ဝေဖန်နေကြပါတယ်။

လက်ရှိ စစ်တပ်နောက်ခံတဲ့ ထိုင်းအစိုးရဟာ အစိုးရကို ဆန့်ကျင်ဝေဖန်သူတွေ၊ အတိုက်အခံတွေကို ဖမ်းဆီးထိန်းသိမ်းပြီး သတင်း လွတ်လပ်ခွင့်ကိုလည်း ကန့်သတ်ချုပ်ချယ်တယ်ဆိုပြီး ပြစ်တင်ဝေဖန်ခံနေရတာပါ။

ထိုင်းအစိုးရဟာ အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲတွေကျင်းပပြီး ဒီမိုကရေစီအခွင့်အရေးတွေ ပြန်ပေးမယ်ဆိုပြီး ကတိပေးထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment