ဒါဟာ တိုက်ကြီးနှစ်တိုက် ကန့်လန့်ဖြတ်သွားရတဲ့ ထူးထူးခြားခြား နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သူ့စူးစမ်းလေ့လာရေး ခရီးကို ၂၀၀ရ နိုဝင်ဘာ မှာ စတင်ပြီး ၂၀၀၈ နိုဝင်ဘာမှာ ပြီးဆုံးခဲ့ပါတယ်။ ခရီးစဉ်အတွင်း မှတ်တမ်းတင်ဖို့ Selfie တွေ ရိုက်ကူးခဲ့ပြီး ယင်းဓါတ်ပုံတွေ စုပေါင်းကာ မုတ်ဆိတ်၊ ဆံပင်မွှေး ပြောင်ရိတ် ထားရာမနေ မုတ်ဆိတ်ထူထူ မျက်နှာအကြမ်းပတမ်း အသွင်အပြင်ဖြစ်တဲ့အထိ တဆင့်ချင်း အချိန်ကာလ ပြောင်းလဲအသွင် ကူးပြောင်းမှု မှတ်တမ်း ဗီဒီယိုဖိုင် တစ်ခု ဖန်တီးခဲ့ပါတယ်။ အကြမ်းဖျင်း ခန့်မှန်းချက်အရ သူသွားခဲ့တဲ့ ခရီးအရှည်မှာ ၃၄၀၀ ကီလိုမီတာ ရှိတယ်လို့ ဆိုပါတယ်။
Ref: ER
Source:trend.com.mm
0 comments:
Post a Comment