One Direction နောက်ထပ် အဖွဲ့သားတစ်ဦး ဆုံးရှုံးဖွယ်ရှိနေ


Zayn Malik နောက်လိုက်ပြီး One Direction အဖွဲ့ဝင် Harry Styles ကလည်း အဖွဲ့မှ စွန့်ခွာမယ့် နောက်ထပ် အဖွဲ့ဝင်တစ်ဦး လာလိမ့်မယ်လို့ သတင်းတစ်ခုက အခိုင်အမာ ဆိုထားပါတယ်။ အဖွဲ့မှ နှုတ်ထွက်ဖို့ Harry ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး  ဝမ်းနည်းကြေကွဲစရာ သတင်းမှာ…
တစ်ကိုယ်တော်ဖျော်ဖြေသူ အနေနဲ့ Harry လျှောက်လမ်းမယ်ဆိုတာ တခြားသူတွေအားလုံး ဟိုး..အရင်ကတည်းက သိထားပြီးသားပါ။ ဒါဟာ သူ့ရဲ့ နောင်အစီအမံပါ။ သူတို့တွေ ဆက်ပြီး ခဏတာပဲ အတူလက်တွဲ ဖြစ်ကြပါလိမ့်မယ်။ နောက်ပြီး တစ်နည်းနည်းနဲ့ Harry အဖွဲ့ကို စွန့်ခွာ သွားပါလိမ့်မယ်လို့ အတွင်းသိသူတစ်ဦးက Life&Style ကို ဖွင့်ချခဲ့ပါတယ်။
၂၀၁၄ နွေရာသီတုန်းက ယင်းအဖွဲ့ ဥရောပရောက်ရှိနေစဉ် တစ်ကိုယ်တော် အယ်လ်ဘမ်တစ်ခုနဲ့ ပတ်သက်ပြီး LA မှာ Harry အချိန်အတော်ကြာ ကုန်ဆုံးစေခဲ့ပါတယ်။
အဲဒီအချက်က One Direction အဖွဲ့ရဲ့ စည်းလုံးမှုအနေအထားကို ပျက်ပြားစေခဲ့ပါတယ်။ One Direction အဖွဲ့ရဲ့ ဆန်းသစ်မှုအားလုံး ပျောက်ကွယ်လုနီးနီးဖြစ်ပြီး လူအစားထိုးလိုက်ခြင်းဟာလည်း ပရိသတ်အတွက် မြိုချရခက်တဲ့ ဆေးတစ်လုံးကဲ့သို့ဖြစ်စေပါလိမ့်မယ်လို့ ကျွမ်းကျင်သူတစ်ဦးက ပြောဆိုခဲ့တယ်။
One Direction အဖွဲ့ရဲ့ အနာဂတ်
Louis Tomlinson ၂၃၊ Naill Horan ၂၁ နဲ့ Liam Payne ၂၁ တို့ကတော့ Harry  ၂၁ ရဲ့ အဖွဲ့မှ စွန့်ခွာမယ့် အခြေအနေကြောင့် မကြာမီ ၄င်း Band တစ်ခုလုံး တစ်စစီပြိုကွဲမယ်ဆိုတာ အားလုံးကြိုသိပြီးဖြစ်ကြပါတယ်။ Liam တစ်ယောက် Juicy J စတဲ့ အခြားအနုပညာရှင်တွေနဲ့ ပူးပေါင်းနေတဲ့အချိန်မှာ Louis က သူ့ကိုယ်ပိုင် တေးသံသွင်း အမှတ်တံဆိပ်တစ်ခုရအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ Niall လည်းပဲ တစ်ကိုယ်တော် ဂီတလှုပ်ရှားမှု တချို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
Ref: Hollywoodlife
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment