ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာမြို့မှာ မွတ်စလင်တွေရဲ့ ဗလီကျောင်းကြီးအပေါ် ၀န်ချီစက်ပြုတ်ကျခဲ့တဲ့ Binladin Group ဆောက်လုပ်ရေးကုမ္ပဏီကို ဆော်ဒီအာဏာပိုင်တွေက အရေးယူလိုက်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်အတွင်း ဘုရားဖူး ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။
ဆော်ဒီနိုင်ငံရဲ့ ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ အဲဒီ Binladin Group ကုမ္ပဏီကို စုံစမ်းစစ်ဆေးမှု မပြီးခင်အထိ နောက်ထပ် ကန်ထရိုက်အသစ်တွေ ထပ်လုပ်ခွင့် ပိတ်ပင်လိုက်ပါတယ်။
လက်ရှိ စီမံကိန်းတွေကိုလည်း ပြန်လည်သုံးသပ် စစ်ဆေးမှာဖြစ်ပြီး ထိပ်တန်းအဆင့် အမှုဆောင်လူကြီးတွေကိုလည်း ဆော်ဒီနိုင်ငံကနေ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
0 comments:
Post a Comment