ဆီးရီးယားနိုင်ငံရှိ အရေးပါသည့် ရေနံတွင်းတစ်တွင်း အိုင်အက်စ်တို့ သိမ်းပိုက်


ဒမတ်စကတ် စက်တင်ဘာ ၇

အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေး( အိုင်အက်စ်)တို့က ဆီးရီးယား နိုင်ငံအလယ်ပိုင်းရှိ အဓိက အရေးပါသော ရေနံတွင်းတစ်တွင်းကို ဆီးရီးယား အစိုးရတပ်များ လက်မှ သိမ်းပိုက်သွားခဲ့ကြောင်း လေ့လာ စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာသည်။ ဆီးရီးယား အစိုးရတပ်များနှင့် အိုင်အက်စ်တို့ အပြင်းအထန် တိုက်ခိုက်ပြီးနောက် ဟွမ်းစ်ပြည်နယ်ရှိ အယ်လ်-ဂျာဇယ် ရေနံတွင်းမှာ အိုင်အက်စ်တို့လက်တွင်းသို့ ကျရောက်သွားခဲ့ကြောင်း လန်ဒန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားသည်။

အယ်လ်-ဂျာဇယ် ရေနံတွင်းမှာ ဆီးရီးယားအစိုးရထိန်းချုပ်ထားသည့် နောက်ဆုံးရေနံတွင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။ အဆိုပါရေနံတွင်းအနီးတွင် တိုက်ပွဲများမှာ ပြင်းထန်နေဆဲဖြစ်ကြောင်း ယင်းအဖွဲ့က ဆက်လက်ပြောကြားသည်။ ဆီးရီးယားအစိုးရသည် ဒီရာအယ်လ်-ဇိုဝါရှိ သဘာဝဓာတ်ငွေ့နှင့်ရေနံတွင်းများကို ဆုံးရှုံးထားပြီးဖြစ်သလို ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ နိုင်ငံ၏အကြီးဆုံး ရာမယ်လန် ရေနံတွင်းကိုလည်း ကာဒစ်ရှ်စစ်သွေးကြွများက ထိန်းချုပ်ထားသည်။

ရေနံမှာ ဆီးရီးယားနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် အဓိက အကျဆုံး ထုတ်ကုန်ဖြစ်ပြီး ဆီးရီးယားနိုင်ငံတွင် ပဋိပက္ခများမဖြစ်ပွားမီ လွန်ခဲ့သည့် သုံးနှစ်ကျော်က နေ့စဉ် ရေနံစည် ၃၈ဝဝဝဝ ခန့် ထွက်ရှိသည်။ တစ်နေ့လျှင်ရေနံစည် ၁၃ဝဝဝဝ ပြည်ပသို့ တင်ပို့နိုင်ခဲ့သော်လည်း ပဋိပက္ခများဖြစ်ပွားကတည်းက ရေနံတင်ပို့မှုမှာလည်း သိသိသာသာ ကျဆင်းလာခဲ့သည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment