နှာခေါင်းခွဲစိတ်ကုသပေးမှုကို မကြိုက်သည့်အတွက် ဆရာဝန်ကိုသတ်ဖြတ်သူ ထောင်တစ်သက်တစ်ကျွန်း ချမှတ်ခံရ


ဟာဘင်း စက်တင်ဘာ ၁၆

(၁၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်းကို ခွဲစိတ်ကုသ ပေးခဲ့သည့် ဆရာဝန်ကိုသတ်ဖြတ်မှုကြောင့် ၎င်းအား ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်ကြောင်း တရုတ်တရားရုံးတစ်ရုံးက စက်တင်ဘာ ၁၆ ရက်တွင်ပြောကြားသည်။

မိသားစုအမည်ကွီဆိုသူ အမျိုးသားက ၎င်း၏နှာခေါင်းခွဲစိတ် ပြုပြင်မှုနှင့်ပတ်သက်၍ မကျေနပ်သဖြင့် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ လက ဆရာဝန် ဆွန်ဒေါင်တောင်အား သံချောင်းဖြင့်ရိုက်ခဲ့ကြောင်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်ပြည်နယ် ကွီကွီဟာ မြို့တော်ရှိ တရားရုံးက အဆုံးအဖြတ်နှင့်ပတ်သက်၍ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုမှာ လူမှုရေးနှင့်ပတ်သက်၍ ပြင်းထန်သော ခံစားချက်အပေါ်တုံ့ပြန်သည့် အလွန်ရက်စက်သော ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း၊ သို့သော် ၎င်းမှာ ရာဇဝတ်မှုကျူးလွန်စဉ်က အရွယ်မရောက်သေးသည့်အတွက် သေဒဏ်ချမှတ်ခဲ့ခြင်းမရှိကြောင်း အဆိုပါတရားရုံးက ဆိုသည်။

တရုတ်နိုင်ငံတွင် လူနာနှင့် ဆရာဝန်များအကြား ဆက်ဆံ ရေးမှာတင်းမာနေစဉ်အတွင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများအပေါ် တိုက်ခိုက်မှုများ ကြုံတွေ့နေသည်။ တရုတ်လူနာများက ဆရာဝန်များမှာ စနစ်တကျကုသပေးမှုများမရှိဘဲ ဆေးဝါးများ အလွန်အမင်းပေးသည်ဟု စွပ်စွဲထားသည်။ ဆရာဝန်များကလည်း အလုပ်ချိန်များခြင်း၊ လစာနည်းပါးခြင်းနှင့် လူနာများ၏ အထင်အမြင် လွဲမှားမှုများ ကြိမ်ဖန်များစွာ ကြုံတွေ့ရကြောင်း ပြောဆိုသည်။ ၂ဝ၁၃ ခုနှစ်က တရုတ်နိုင်ငံအရှေ့ပိုင်း ဝမ်လင်းမြို့တွင် နှာခေါင်း ခွဲစိတ်ပြုပြင်မှုနှင့်ပတ်သက်၍ ဆရာဝန်တစ်ဦးအား ဓားဖြင့်ထိုးပြီး အခြားနှစ်ဦးအားထိခိုက်ဒဏ်ရာရရှိစေခဲ့သူ အမျိုးသားတစ်ဦးအား ပြီးခဲ့သည့်မေလက ကွပ်မျက်ခဲ့ကြောင်းသိရသည်။ ယခုနှစ်အစောပိုင်း က ဆရာဝန်တစ်ဦးနှင့်လူနာတစ်ဦးတို့ စကားများရန်ဖြစ်ရာမှ ဆေးရုံရှိ ဓာတ်လှေကားအတွင်းသို့ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment