၂၀၁၅ ခုနှစ်အာဏာရှင်များ စာရင်းတွင် သမ္မတဦးသိန်းစိန် ပါဝင်လာ


 ရန်ကုန်၊ စက်တင်ဘာ ၂၄

 ကမ္ဘာ့နိုင်ငံအသီးသီးရှိ လက်ရှိအုပ်ချုပ်ဆဲ အာဏာရှင်ခေါင်းဆောင်များ၏ ၂၀၁၅ ခုနှစ် အမည်စာရင်းကို Freedom House အဖွဲ့ကြီးက ထုတ်ပြန်လိုက်ရာ ယင်းအမည်စာရင်းများ၏ နံပါတ် ၂၃ နေရာ တွင် မြန်မာ နိုင်ငံ၏ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ သမ္မတဦးသိန်းစိန်၏ အမည်အား ၀န်ကြီးချုပ်ရာထူးအမည် တပ်လျက် ပါဝင်လာသည်။

သမ္မတဦးသိန်းစိန်မှာ Freedom House အဖွဲ့ကြီးက ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်သည့် ကမ္ဘာ့အဆိုးဝါးဆုံး အာဏာရှင် ၁၀ဦးစာရင်းတွင် တစ်ကြိမ်ပါဝင်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်တွင် မပါဝင်ဘဲ ယခုနှစ် ၂၀၁၅ ခုနှစ်တွင်မှ ပြန် လည်ပါ ၀င်လာခြင်းဖြစ်သည်။

Freedom House အဖွဲ့ကြီးက ထုတ်ပြန်သည့် ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အဆိုးဝါးဆုံး အာဏာရှင်စာရင်းတွင် နံပါတ်တစ်အဖြစ် ဗဟိုအာဖရိကနိုင်ငံမှ အလက်ဇန္ဒား နုရင်ဒက်ဖြစ်ပြီး ရုရှားသမ္မတဗလာ ဒီမာပူတင်၊ ကျူးဘား သမ္မတရာအူးလ်ကက်စထရို၊ အာဖဂန်နစ္စတန် သမ္မတအာရှရက်ဖ်ဂနီ၊ ဘီလာရုစ် သမ္မတအလက်ဇန္ဒား လူကာ ရှန်ကိုတို့မှာ နံပါတ်စဉ် ၂ မှ ၅အထိ အစဉ်လိုက်ပါဝင်ပြီး သမ္မတဦးသိန်းစိန်မှာ နံပါတ် ၂၃နေရာတွင် နိုင်ငံတော် ၀န်ကြီးချုပ်ဟူသော အသုံးအနှုန်းဖြင့် ပါဝင်လာခြင်း ဖြစ်သည်။…

အလားတူ တရုတ်သမ္မတ ရှီကျင့်ဖျင်မှာ နံပါတ် ၁၈နေရာတွင် လည်းကောင်း၊ ထိုင်းနိုင်ငံဝန်ကြီး ချုပ်ပရာယွတ် ချန်အိုချာမှာ နံပါတ် ၂၁နေရာတွင် လည်းကောင်း၊ မြောက်ကိုရီးယားသမ္မတ ကင်ကျုံအန်းမှာ နံပါတ် ၂၇ နေရာမှ လည်း ကောင်းအသီးသီးပါဝင်ခဲ့သည်။

Freedom House အဖွဲ့ကြီးမှာ ကမ္ဘာအနှံ့ရှိလွတ်လပ်ရေးနှင့် ဒီမိုကရေစီအရေးတို့ကို စောင့်ကြည့်နေသည့် လွတ်လပ်သည့် အဖွဲ့အစည်းကြီးဖြစ်သည်။ ယင်းအဖွဲ့ကြီးမှာ လွတ်လပ်ရေးအတွက် စိန်ခေါ်ခံရမှုများ၊ ပိုမို ကျယ်ပြန့်သော နိုင်ငံရေး အခွင့်အလမ်းများကို ဦးဆောင်ဦးရွက်ပြုနိုင်ရန်နှင့် အရပ်ဘက် ဆိုင်ရာအခွင့် အရေးများ၊ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့် ရှောက်မှုများနှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများကို မြှင့်တင်ပေးသည့် လုပ်ငန်းစဉ်များကို ခွဲခြမ်းစိတ်ဖြာမှုများပြုလုပ်လျက်ရှိသည်။

ယင်းအဖွဲ့ကြီးအနေဖြင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းသည်သာလျှင် ဒီမိုကရေစီအခွင့်အလမ်းများ ပိုမိုရရှိနိုင် မည် ဖြစ်ကြောင်း အသိအမှတ်ပြုထားသည်။ ယင်းအဖွဲ့ကြီးကို အမေရိကန်တွင် အခြေစိုက်ကာ ၁၉၄၁ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ယခုအခါ ၇၅ သက် တမ်းရှိပြီဖြစ်သည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ၎င်း၏သက်တမ်းအတွင်း ဒီမိုကရေစီ အရေးနှင့်လူ့အခွင့်အရေးဆိုင်ရာကိစ္စများကို ထိရောက်စွာ စွမ်းဆောင်နိုင်ခြင်း မရှိကြောင်း ပြည်တွင်းပြည်ပအခြေစိုက် အရပ်ဘက် ဆိုင်ရာလူ့အဖွဲ့ အစည်းများက သုံးသပ်မှုများရှိနေပြီး သမ္မတဦးသိန်းစိန်အစိုးရ၏ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု မူဝါဒမှာလည်း ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်းမရှိကြောင်း သုံးသပ်ဝေဖန်မှုများ ရှိနေသည်။

ခင်မောင်လင်း
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment