ဒီလိုအချစ်




ကောင်လေးက အဲ့ဒီတုန်းက ၁၉ နှစ် သူ အသက်၂၉နှစ်ရှိပြီး ဖြစ်တဲ့မမ ကိုဆုံတွေ့ ချစ်ကြိုက် မိခဲ့တယ် ..
ရွာသူရွာသား တွေနဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေက သူတို့ နှစ်ယောက်လုံးကိုလုံးဝသဘောမတူ လက်မခံကြဘူး အဲ့ဒီတုန်းက ကောင်လေးက အသက် ၁၀နှစ် ကျော်တောင် ငယ်နေ သေးတယ် ဒီအပြင် ကောင်မလေးမှာက ခလေးတစ်ယောက် လည်းရှိနေခဲ့ ပြီးပြီ..
…………………..
ဒါနဲ့ ကောင်လေး က သူ့မမနဲ့ ခလေး ကိုပါ ခိုးပြေးပြီး ရွာနဲ့ ဝေးတဲ့ တောင်တန်းတွေပေါ်က Jiangjin County in Southern ChongQing Municipality ဆိုတဲ့ လိုဏ်ဂူ ကြီးထဲ မှာသွားနေကြတယ်
……………………..
ခုသူတို့ အတူတူ နေလာလိုက်ကြတာ ၅၂ နှစ်တောင်ကြာသွားခဲ့တယ်
သူတို့တောင်ပေါ်တောထဲမှာ သွားနေခဲ့ကြတုန်းက လူသူနဲ့ ဝေးကွာလွန်းတော့ ဘာအသုံးအဆောင် အစားအသောက်မှ မရှိတော့ တအားခက်ခဲ ဆင်းရဲပြီး စိုက်ပျိုးစားသောက်ကြရတာ အရမ်းပင်ပန်းခဲ့ကြတယ် တစ်ခါတစ်လေ သစ်ဥသစ်ဖု သစ်မြစ် တွေစားပြီးအသက်ဆက်ခဲ့ ကြရရှာတယ်
အဲ့ဒီတုန်း က အဖွား က အဖိုးကိုမေးခဲ့တာ “ နင် ဝမ်းနည်းတယ်လို့ မခံစားရဘူး လား? ” ဆိုတော့ အဖိုး ကအ မြဲ ပြန်ဖြေခဲ့တာ “ အချိန်တွေ ကျော်လွန်သွားပြီးယင် အရာရာက ကောင်းမွန်လာမှာပါ ” တဲ့
…………………………….
သူတို့ နေထိုင် ခဲ့ ကြ ရတဲ့ အခြေအနေဟာ ခု ၅၂ နှစ် ကြာလာတဲ့ အထိဘာမှ မထူးခြားမပြောင်းလဲလာပါဘူး…
သူတို့ စလာနေခဲ့ကြ တဲ့ အချိန် ၂ နှစ်လောက်ကြာခဲ့ တုန်းက သူတို့ နေတဲ့ တောင်ကြီး ကို တက်ရဆင်းရတာ ဘယ်လောက်တောင် ခက်ခဲ ပြီးသူ့ မမ အတွက် အခက်အခဲ ဖြစ်နေသလဲ ဆိုတာ နားလည်တဲ့အ တွက် “ သူ့ မမ အတွက် ”
လှေကား စဖောက်ခဲ့တယ် …
……………………………..
အဖိုးရဲ့ နာမည် က Liu Guojiang တဲ့
မျက်လုံး ထဲက အရိပ်အယောင် နဲ့ မျက်နှာ ထားကိုကြည့်လိုက် တာနဲ့ ဒီဘဝ ကြီးဟာ သူ့မမ အတွက် ဆိုတာ တန်းပေါ်လွင်နေတယ်
အဖိုး ဟာ ဖွားဖွား အတွက် ဘယ်လောက်တောင်ကြိုးပမ်းခဲ့ သလဲ ဆိုတာ လှေကားထစ်တွေ ကိုကြည့်တာ နဲ့ သိနိုင်လိမ့်မယ်

အဖွား နာမည်ကျတော့ Xu Chaoqin တဲ့
ပုံထဲမှာ အဖွားရဲ့ မျက်နှာပြင်ပေါ်မှာ ပျော်ရွင် မှု့ ပီတိ တွေ နှလုံးသားထဲမှာ ပြည့်နှက်ယုံ မက လျှံကျနေ တဲ့ခံစားချက်ကိုတွေ့ နိုင်လိမ့်မယ်..
………… ……..
နှစ်ယောက်သား တွဲသွားကြ တဲ့ အခါ ဘယ်အတွဲ မဆို ဘေးဖယ် ပေး သွားရ လိမ့်မယ် ( ကျွန်တော် အမှန်ပြောတာ လွန်သွားယင်လဲ တောင်းပန်ပါတယ် )
…………………………..
လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်အတွင်းမှာ တောတွင်းလေ့လာရေး အဖွဲ့ တစ်ဖွဲ့ မထင်မှတ်ပဲ အဲ့ဒီတောင်ပေါ်ကိုရောက်သွားပြီး အဖိုး နဲ့ အဖွားကိုမြင်တော့ အရမ်းကိုအံသြသွားကြ ကုန်တယ် ..
အဲ့ထက်အံ့ သြဖို့ကောင်းတာ က အဖိုး က အဖွားအတွက် ဖောက်ထားပေးတဲ့ တောင် ကမ်းပါးယံ က လှေကားထစ်ပေါင်း ၆၀၀၀ ကျော် ကိုပါပဲ…
……………………….
အဖိုးနဲ့ အဖွားတို့ ရဲ့ သားသမီး ၇ ယောက်ထဲ က တစ်ယောက်ဖြစ်တဲ့ Liu MingSheng ကပြောပြ တာ အဖေနဲ့ အမေဟာ နှစ်ကိုယ်တည်းဘဝနဲ့ နှစ်ပေါင်း ၅၀ လုံးလုံး အတူတကွ နေထိုင်ခဲ့ကြပါတယ် နှစ်ယောက်သားခွဲ ခွားကြတဲ့ ရက် ဆိုတာ တစ်ရက်မှတောင် မရှိခဲ့ဖူးသလောက်ပါပဲ အဖေက အမေ့ အတွက် လှေကားထစ်ပေါင်း ၆၀၀၀ ကျော်ကို ဖောက်ထားပေးခဲ့ပေမဲ့ အမေ ကိုယ်တိုင်လည်းဒီတောင်တစ်လုံးထဲ ကနေ ဘယ် မှ ကို မသွားဖြစ်ခဲ့ဖူးပါဘူး တဲ့ ..
……………………………
၂၀၀၃ ခုနှစ်တုန်းက အဖိုးဟာ တောင်ယာ လုပ်နေယင်းမတော်တဆ ချော်လဲ ရာကနေ အိပ်ရာထဲ လဲ ရရှာတယ် အဖွားက နတ်ကောင်းနတ်မြတ်တွေ ကူညီမစပေးစေဖို့ နေ့တိုင်းဆုတောင်းခဲ့တယ်
နောက်ဆုံးမှာတော့ အဖိုးဟာ အဖွားရဲ့ ရင်ခွင်လေးထဲ မပြောင်းလဲတဲ့ချစ်ခြင်းတွေနဲ့ ပဲ ညင်သာစွာ သေဆုံးသွားခဲ့ရရှာပါတယ်
နောက်ဆုံးထွက်သက်အထိ အဖွားရဲ့ လက်လေးကို မြဲမြန်စွာနဲ့ ဆုပ်ကိုင်ထား ခဲ့ရှာပါတယ်
………………………………..
“ နင်ပြောတော့ ငါ့ကိုတစ်သက်လုံး စောင့်ရှောက်သွားပါ့မယ် ဆို… ငါသေတဲ့ အထိ မပစ်ပယ်ပဲ ချစ်သွားပါ့မယ် လို့ ဂတိ တွေ ပေးထားခဲ့ပြီး ခုတော့ နင်က ငါ့ကိုပစ်ပယ် သွားခဲ့ ရက်တယ် ” ..“ ငါဘယ်လို ဆက်ပြီးရှင်သန်ရမှာလဲ ”

အဖွားဟာ ဒီ စကားတွေ ကို ပဲ အကြိမ်ကြိမ် ရေရွတ်နေယင်း နေ့တိုင်းနီးပါး အဖိုးရဲ့ အုတ်ဂူဘေးမှာ မျက်ရည်တွေ နဲ့ သွားသွား ငိုနေခဲ့ရှာတော့ တယ်
……………………………
၂၀၀၆ ခုနှစ်မှာ အဖိုးနဲ့ အဖွားတို့ ရဲ့ အချစ်ဇာတ်လမ်းလေးဟာ တရုပ်နိုင်ငံ ရဲ့ TOP 10 LOVE STORY ဖြစ်သွားခဲ့တယ်
အစိုးရက သူတို့ ၂ယောက်လုံးရဲ့ နေခဲ့ကြတဲ့နေရာလေးနဲ့ လှေကားထစ်တွေ ကို သူတို့နှစ်ယောက်လုံးရဲ့ ချစ်ခြင်းမေတ္တာတွေကို အသိအမှတ်ပြု ပြီး သမိုင်းအမွေ အနှစ်အဖြစ် ထိန်းသိမ်းသွားဖို့ ကြေညာ ခဲ့ တော့တယ်

………………………….

သင်ကော သင်ချစ်တဲ့သူကို သင့်ရဲ့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာ အကြောင်းကို သက်သေပြဖူးပြီးပြီလားခင်ဗျာ ?
ဆိုရှယ် မီဒီယာ နဲ့ အင်တာ နက်လောက ကြီး ကိုကျေးဇူးတင်ပါတယ်
ကျွန်တော်အနေ နဲ့ လူသားနှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားရှိနိုင်စွမ်းရှိတဲ့ ကြီးမားလွန်းတဲ့ မေတ္တာ အကြောင်းကို သိခွင့်ရစေတဲ့အတွက်ကော “ အချစ်စစ် ” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပယ် ကိုပါသိခွင့်ရရှိစေခဲ့တဲ့ အတွက်ပါပဲ ….
ပြီးဆုံးအောင် ဖတ်ရှု့ပေးတာကိုလည်းကျေးဇူးတင်ပါတယ်

Credit: မင်းလွင်မင်းလွင်
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment