Nissan ကားကုမ္ပဏီမှ မြန်မာနိုင်ငံ၌ လျှပ်စစ်ကား ထုတ်လုပ်မည်...


 မြန်မာနိုင်ငံအတွင်း ကားထုတ်လုပ် ရောင်းချမှုပြုလုပ်မည့် Nissan ကားကုမ္ပဏီသည် ပြည်တွင်း၌ လေထုညစ်ညမ်း မှု ဖြစ်ပေါ်သည့် ပြဿနာ အပါအဝင် အခြေခံ လူတန်းစားများ ဝယ်ယူသုံးစွဲနိုင်မည့် တန်ဖိုးနှုန်းထားနည်းသည့် ကားထုတ်လုပ်မှုကို ရည်ရွယ်၍ ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် ပဲခူးမြို့ရှိ ကားထုတ်လုပ်သည့်စက်ရုံမှ လျှပ်စစ်ကားများ ထုတ်လုပ်ပြီး ပြည်တွင်း၌ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

''အနာဂတ်မှာ လျှပ်စစ်ကားက နိုင်ငံတိုင်းမှာ အသုံးဝင်လာမှာပါ။ သူကလောင်စာဆီ အသုံးပြုစရာမလိုတဲ့အတွက် လူအများစု ကြိုက်ကြမှာပါ။ မြန်မာနိုင်ငံအတွင်းမှာ လျှပ်စစ်ကား ထုတ်လုပ်တဲ့အခါ ကားအစီးရေ နှစ်သိန်းလောက် ထုတ်လုပ်သွားဖို့ စီစဉ်ထားပါတယ်။ လျှပ်စစ်ကားဆိုပေမယ့် မြန်မာပြည်သူတွေ ဇိမ်ခံကားတစ်စီးလို စီးနိုင်အောင် ထုတ်လုပ်ပေးသွားမှာပါ။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က ကျောင်းသားတွေနဲ့ အခြေခံ လူတန်းစားတွေပါ ဝယ်ယူစီးနင်းနိုင်အောင် ထုတ်လုပ်မှာပါ'' ဟု Nissanကားကုမ္ပဏီ၏ မြန်မာနိုင်ငံ ရုံးခွဲဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကားကုမ္ပဏီသည် လျှပ်စစ်ကားများ ထုတ်လုပ်ရာတွင် တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅ဝဝဝ နီးပါးဖြင့် ထုတ်လုပ် ရောင်းချမည် ဖြစ်သည်။ လျှပ်စစ်ကားများ ထုတ်လုပ်ရာတွင် လိုအပ်သည့် နည်းပညာပိုင်းနှင့် ဘက်ထရီများကို ဂျပန်နိုင်ငံမှ မှာယူ တပ်ဆင်ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။

Nissan ကားကုမ္ပဏီသည် လျှပ်စစ်ကားများ ထုတ်လုပ်ရောင်းချသည့် အခါတွင်လည်း ရန်ကုန်မြို့၌ ရောင်းချခြင်းထက် နယ်မြို့များ သို့ ဦးစားပေး ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

Nissan ကားကုမ္ပဏီသည် မြန်မာနိုင်ငံ အတွင်းမှ ထုတ်လုပ်သည့် လျှပ်စစ်ကားများကို အာဆီယံနိုင်ငံ တချို့သို့လည်း တင်ပို့ရောင်းချမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
၎င်းကားကုမ္ပဏီသည် လျှပ်စစ်ကားများကို ထုတ်လုပ်ရာတွင် 2 door ကားပုံစံမျိုးသာ ထုတ်လုပ်သွားမည်ဖြစ်သည်။ Nissan ကားကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ဈေးကွက်အခိုင် အမာရရှိထားသည့် ကားကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရသည်။

Pyi Chit thar
https://www.facebook.com/Pyi-Chit-thar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment