တနင်္လာနေ့ က ဘရွတ်ကလင်း၊ မေစီ ကုန်ပဒေသာဆိုင်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Rihanna ရဲ့ ရေမွှေး အသစ် ‘RiRi by Rihanna’ ဟာ အွန်လိုင်းဈေးကွက်ပေါ် စတင်ရောက်ရှိပြီဖြစ်ပါတယ်။
“ ကျွန်မတို့ ဖန်တီးလိုက်တဲ့ ရနံ့ တိုင်းက တစ်မူထူးခြား သစ်လွင်မှုကို ပေးစွမ်းနိုင်မှာပါ။ ဆွဲဆောင်မှုရှိပြီး မိန်းကလေး ပိုဆန်တဲ့ ရနံ့ မျိုးပါ။ ခံစားမှုပေါင်းစုံကို ပေးစွမ်းနိုင်တဲ့ ရနံ့ ရောနှောမှုလေးတွေကို ကျွန်မတို့ အသုံးပြုနိုင်လိုက်တဲ့အတွက် ကျေနပ်မိပါတယ်” လို့ အဆိုတော် RiRi က ရေမွှေးမိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။
ရေမွှေးအသစ်ရဲ့ပုလင်း ထိပ်ပိုင်းဟာ အနက်နဲ့ ရွှေရောင်ရောစပ် ပါဝင်ပြီး ကြည်လင်တဲ့ ပုလင်းအသားကြောင့် ပန်းရောင်ရေမွှေးအရည်လေးတွေကို မြင်နေရပါတယ်။ RiRi by Rihanna ရေမွှေးဟာ အခုအခါမှာ Macy.com မှာ ၀ယ်ယူရရှိနိုင်ပြီဖြစ်ပြီး Macy စတိုးဆိုင်တွေ နဲ့ Perfumania.com နဲ့ Stage တို့ မှာ နောက်လအတွင်းရောက်ရှိမှာ ဖြစ်ကြောင်းသိရပါတယ်။
Rihanna ဟာ Rebelle ၊ Reb’l Fleur ၊ Rogue ၊ Rogue Man ၊ Rogue Love နဲ့ Nude စတဲ့ ရေမွှေး တွေ ကို အရင်ကဖြန့် ချိခဲ့ပြီးဖြစ်ပါတယ်။
Ref: abc radio
Source:trend.com.mm
0 comments:
Post a Comment